Lifestyle: ကင်ဆာရောဂါသည် ချစ်သူကို အံ့သြအောင် မင်္ဂလာပွဲ စီစဉ်ပေးခဲ့

ဆေးရုံတက်နေရတဲ့ ချစ်သူကို အံ့သြသွားအောင် ဆေးရုံမှာပဲ မင်္ဂလာပွဲ ကျင်းပခဲ့တာပါ။

play

 

ကင်ဆာရောဂါကျွမ်းနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရစဉ်အတွင်း ရိုမန့်တစ်ဆန်ဆန် ချစ်သူဆီက လက်ထပ်ခွင့် တောင်းခံလိုက်ရပါတယ်။

play

 

သူမဟာ ရင်သားကင်ဆာရောဂါကြောင့် ဖေဖော်ဝါရီလမှာ ဆေးရုံတက်ခဲ့ရသူ ဖြစ်ပါတယ်။ ရောဂါအသိနောက်ကျတာကြောင့် ကျွမ်းတဲ့အဆင့်ကို ရောက်နေသူပါ။ ယန် လို့ခေါ်တဲ့ သူမမှာ ဖန်ကျင်းလို့ အမည်ရတဲ့ ချစ်သူတစ်ဦးရှိပါတယ်။

play

 

သူမတို့ချစ်သူနှစ်ဦး ချစ်ကြိုက်ခဲ့တာ ရှစ်နှစ်တိုင်ခဲ့ပါပြီ။ အရင်တုန်းကတော့ ယန်ရဲ့ အဘွားဖြစ်သူက သူတို့နှစ်ဦးကို သဘောမတူတာကြောင့် လက်မထပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖန်ကျင်းက တစ်လကို ဝင်ငွေ ဒေါ်လာ ၁၅၀ လောက်ပဲ ရတာကြောင့် သူမရဲ့အဘွားက လက်မခံနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

အခုတော့ ယန်ရဲ့ အဘွားဖြစ်သလည်း ကွယ်လွန်သွားခဲ့ပါပြီ။ ဒါကြောင့် ဆေးရုံဝန်ထမ်းတွေနဲ့ မိတ်ဆွေတွေရဲ့ အကူအညီယူပြီး ဖန်ကျင်းက ဆေးရုံမှာပဲ ယန်အတွက် အံ့သြသွားစေမယ့် မင်္ဂလာပွဲတစ်ခု စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ