AD
AD
AD
play

 

တချို့လူတွေက ထမင်းစားရင်း အချိုရည်သောက်တတ်ကြပါတယ်။ ဒီလိုသောက်မှလည်း ထမင်းမြိန်တတ်ပါတယ်။ ဒါပေမဲ့ အစာရေမျိုစားချဉ်ပြန်တဲ့ ရောဂါရှိရင်တော့ မသောက်သင့်ပါဘူး။

GRED လို့ခေါ်တဲ့ အစာရေမျို စားချဉ်ပြန်တဲ့ ရောဂါဟာ အစာအိမ်ထဲက အချဉ်ဓာတ်တွေ အစာရေမျိုတွင်းကို ပြန်တက်လာတာ ဖြစ်ပါတယ်။ ဒီရောဂါရှိသူတွေဟာ ထမင်းစားရင်း အချိုရည်သောက်တဲ့အခါ အစာအိမ်ထဲမှာ ဖိအားတွေ များလာပါတယ်။သင်စားသလောက် အစားပမာဏကလည်း မြင့်မားလာပြီး အစာအိမ်ကျယ်ကာ ဖိအားတွေ တိုးလာပါတယ်။

play

 

အစာအိမ်ထဲက အက်ဆစ်တွေဟာ မြင့်မားလာပြီး အစာရေမျိုပိုက်ထဲလျှံတက်ကာ ရင်ခေါင်းတွေပူလာတာ ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ အစာအိမ်ရေမျိုစားချဉ်ပြန်တဲ့ ရောဂါရှိရင် ဂတ်စ်ပါတဲ့ အချိုရည်တွေ၊ အက်ဆစ်ပါတဲ့ အချိုရည်တွေကို မသောက်သင့်ပါဘူး။

Photos & Source: Health Digest, Groupon

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD