Lifestyle: ချက်စားခံရမယ့်ခွေး ၅၀၀၀ ကျော်ကို ကယ်တင်စောင့်ရှောက်ထားသူ

ဒီလိုစိတ်မျိုး ထားတတ်ဖို့၊ စိတ်ရှည်သည်းခံဖို့ဆိုတာ မလွယ်ပါဘူး။

play

 

တရုတ်အမျိုးသားတစ်ဦးဟာ ခွေးပေါင်း ၅၀၀၀ ကျော်ကို ချက်စားခံရမယ့်ဘေးကနေ ကယ်တင်ပြီး စောင့်ရှောက်ထားပါတယ်။ သူ့နာမည်က ဝမ်ရန်လို့ခေါ်ပြီး ကျီလင်းပြည်နယ်၊ ချန်ချွန်းဒေသမှာ နေထိုင်သူပါ။

play

play

၂၀၁၂ ခုနှစ်ကစပြီး ဝမ်ရန်နဲ့ ဇနီးသည်တို့ဟာ ခွေးလေခွေးလွင့်တွေကို ကယ်တင်မွေးမြူကာ စောင့်ရှောက်ဖြစ်ခဲ့ကြပါတယ်။ တကယ်လို့ ချက်ပြုတ်စားသောက်ခံရမယ့် ခွေးတွေဆိုရင်လည်း ဝယ်ယူပြီး ကယ်တင်ခဲ့ကြပါတယ်။ သားသတ်ရုံမှာအသတ်ခံနေရတဲ့ သနားစရာခွေးလေးတွေကို မြင်မိရာကစလို့ လေလွင့်ခွေးတွေကို စောင့်ရှောက်ဖို့ ဖြစ်လာခဲ့တယ်လို့ ဝမ်က ပြောပါတယ်။

play

play

 

ဝမ်ရန် မွေးမြူထားတဲ့ ခွေးအများစုဟာ ကျီလင်းကတော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံတစ်လွှားက ခွေးတွေလည်း အများကြီးပါပဲ။ ရာသီဥတုဆိုးရွားလို့ ခွေးတွေ နေမကောင်းဖြစ်တဲ့အခါ ဆေးကုသပေးတယ်လို့လည်း သိရပါတယ်။

Source : CCTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ