Lifestyle: ဖိုတိုရှော့နဲ့ တရုတ်ပြည်သွားခဲ့သူ တရုတ်ပြည် တကယ်သွားရတော့မည်

, updated

ရုတ်တရက်နာမည်ကျော်သွားတဲ့ သူမဟာ ခရီးသွားဖို့ ဝိုင်းပြီးကူညီမှုတွေ ရခဲ့ပါတယ်။

play
ဒီမှာတော့ အားလုံးပျော်စရာကြီးပဲလို့ သူက ဓာတ်ပုံအောက်မှာ ရေးထားပါတယ်

 

ဖေ့စ်ဘွတ်ခ်သုံးစွဲသူ ကင်ညာနိုင်ငံက အမျိုးသမီးတစ်ဦးဟာ တရုတ်ပြည်တစ်လျှောက် ခရီးထွက်ချင်တဲ့ ဆန္ဒကို မထိန်းနိုင်ဘဲ ဓာတ်ပုံတွေပြုပြင်ဖန်တီးပြီး  လူမှုကွန်ရက်ပေါ် တင်ခဲ့မိလို့ နာမည်ကြီးလာရပါတယ်။

play
တရုတ်ကိုသွားဖို့ နိုင်ငံထဲက ထွက်ပါပြီတဲ့

 

သူမရဲ့ ဆန္ဒက တရုတ်ပြည်ရဲ့ နာမည်ကျော်နေရာတွေကို ခရီးထွက်ဖို့ပါ။ ဒါပေမဲ့ လောလောဆယ်မှာ သူမ ငွေကြေးမတတ်နိုင်သေးပါဘူး။ ဒါကြောင့် သူမရဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေကို တရုတ်ပြည်က ရှုခင်းဓာတ်ပုံတွေနဲ့ ပေါင်းစပ်ပြုပြင်ပြီး တကယ်ပဲ  ခရီးထွက်နေသယောင်နဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

play
play
တရုတ်ပြည်မှာ နောက်ဆုံးနေ့ဆိုပြီး သူက အတည်ပေါက်ကြီးနဲ့ နောက်ထားပါသေးတယ်

 

ဒါပေမဲ့ ဓာတ်ပုံပြုပြင်ထားတဲ့ လက်ရာဟ သိသာလွန်းတာကြောင့် လူမှုကွန်ရက် သုံးစွဲသူအချို့က ဟာသလုပ်ခဲ့ကြ

ပီး အချို့ကတော့ ကရုဏာသက်ခဲ့ကြပါတယ်။ ဒါကြောင့်ပဲ ရက်ပိုင်းအတွင်း သူမဟာ အင်တာနက်မှာ နာမည်ကျော်လာရပါတယ်။

play
အခုတော့ သူမကို ကူညီသူနဲ့ တွေ့သွားပါပြီ

 

နောက်ပိုင်းမှာတော့ သူမကို ကူညီသူတွေနဲ့ တွေ့ခဲ့ပြီး အခုတော့ တရုတ်ပြည်ကို တကယ်ခရီးထွက်ဖို့ အကူအညီပိုက်ဆံတွေ ရနေပြီဖြစ်ပါတယ်။

 

လူမှုကွန်ရက်သုံးစွဲသူ အချို့ကတော့ သူမရဲ့ ဓာတ်ပုံတွေကို photoshop ဆော့ဖ်ဝဲနဲ့ ပြုပြင်ပြီး ပြင်သစ်၊ အမေရိက စတဲ့နေရာတွေသာမက အပျော်တမ်းလေထီးခုန်တဲ့ ဓာတ်ပုံတွေကိုပါ ဖန်တီးပြီး နောက်ပြောင်ခံရပါတယ်။

ှSource : BBC

Photos : Sevelyn Gat's facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ