AD
AD
AD
play

 

နေအိမ်မှာ မွေးထားတယ်လို့ ယူဆရတဲ့ မျောက်ကလေးတစ်ကောင်ကို ဘီယာတိုက်ပြီး သောကရောက်စေတဲ့ ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ် ပျံ့နှံ့လျှက်ရှိပါတယ်။ လှောင်အိမ်နားမှာ ကြိုးချည်ခံထားရတဲ့ မျောက်ကလေးဟာ ဘီယာအနည်းငယ်သာ သောက်ရပြီး ပိုင်ရှင်က ပုလင်းပြန်မပေးတော့တဲ့အတွက် အကြီးအကျယ် ဒေါသထွက်နေတာကို ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

play

play

 

ဗီဒီယိုမြင်ကွင်းထဲမှာတော့ ပထမအကြိမ်မှာ လူတစ်ဦးက မျောက်ကလေးရဲ့ ပါးစပ်ပေါ်ကို ဘီယာလောင်းချပေးနေတာတွေ့ရပါတယ်။ ဘီယာအနည်းငယ်တိုက်ပြီး ဘီယယာပုလင်း ပြန်ယူသွားချိန်မှာတော့ မျောက်ကလေးဟာ ဒေါသထွက်ပြီး ကျန်ရစ်ခဲ့ပါတယ်။

နောက်တစ်ခါ မျောက်ကလေးကို ဘီယာတစ်ပုလင်းလုံး ပေးလိုက်ချိန်မှာတော့ သူကိုယ်တိုင် ပုလင်းကိုင်ပြီး သောက်နေခဲ့တာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဂါဘွန်နိုင်ငံ၊ လီဘရီဗီးလ်အရပ်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ မျောက်ကိုမွေးထားတဲ့ ပိုင်ရှင်က အဆိုပါမျောက်ကို ပုံမှန်ဘီယာတိုက်လေ့ရှိတယ်လို့ ဆိုပါတယ်။

လူမှုကွန်ယက် သုံးစွဲသူတွေကတော့ ဒီအပြုအမူဟာ မျောက်ကို နှိပ်စက်ညှင်းပန်းနေတာဖြစ်ကြောင်း ပြောဆိုဝေဖန်ကြပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD