AD
AD
AD
play

 

နေ့စဉ် ကိုယ်အိပ်စက်နေတဲ့ အိပ်ရာခင်းတွေကို ဘာကြောင့် မကြာခဏလျှော်သင့်လဲဆိုတဲ့ အကြောင်းပြချက်တစ်ခု ထွက်လာခဲ့ပြန်ပါပြီ။

အိပ်ရာခင်းကို ကာလကြာမြင့်စွာ မလျှော်ဖွတ်ဘဲ အိပ်ရာဝင်ဝင်တဲ့အခါ အိပ်ရာခင်းပေါ်မှာ အိပ်စက်ရတာနဲ့ မတူတော့ပါဘူး။ မျက်စိနဲ့ ရုတ်တရက်မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ၊ ကျင်ငယ်အချို့၊ မစင်အချို့၊ မှိုတွေအပြင် မြေမှုန်များ၊ တံတွေးနဲ့ ခန္ဓာကိုယ်မှထွက်တဲ့ ချွဲများစတာတွေဟာ အိပ်ရာပေါ်မှာ ရှိနေမှာ အသေအချာ ဖြစ်ပါတယ်။

play

 

ဒါကြောင့် သင့်အိပ်ရာခင်းဟာ ဘက်တီရီးယားပိုးမွှားတွေအတွက် မြို့တော်ကြီး တစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်  အိပ်ရာခင်းကို အနည်းဆုံး တစ်ပတ်တစ်ခါ လျှော်သင့်ကြောင်း နယူးယော့ခ်ဆေးအတတ်ပညာသင်ကျောင်းမှ ဒေါက်တာဖိလစ်တီယာနိုက အကြံပြုထားပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD