AD
AD
AD
play

 

၁ - ဟာသဉာဏ်

ပြောကြတဲ့စကား တစ်ခုရှိပါတယ်။ ယောက်ျားလေးတွေဟာ သူတို့ပြောတာကို အမြဲရယ်တဲ့ကောင်မလေးကို သဘောကျပါတယ်။ ဒါပေမဲ့ သူတို့ကို ရယ်အောင်လုပ်နိုင်တဲ့မိန်းကလေးကိုတော့ တစ်သက်လုံး မခွဲတော့ပါဘူးတဲ့။ မိန်းကလေးတစ်ယောက်ဟာ ဟာသဉာဏ်ရှိတဲ့အခါ ဆွဲဆောင်မှုရှိတာ အမှန်ပါပဲ။

play

 

၂ - ကြင်နာမှု

ကြင်နာမှုရှိတဲ့ မိန်းကလေးတွေဟာ ဟန်ပန်ကပါ တခြားလူနဲ့ မတူပါဘူး။ ကြင်နာမှုရှိတယ်ဆိုတဲ့ စကားလုံးဟာ ရိုးအီနေတဲ့ စကားလုံးဖြစ်ပေမဲ့ တစ်ဖက်သားကို ကြင်နာမှုရှိတဲ့ မိန်းကလေးတွေဟာ တခြားလူတွေနဲ့ ကွဲပါတယ်။

၃ - ပြင်းပြမှု

ဘဝမှာ သူဘာလိုချင်တယ်ဆိုတာကို သိပြီး ဒီအရာကိုပဲ စိုက်လိုက်မတ်တပ် ရှာဖွေနေသူပါ။ ဒီလိုအမျိုးသမီးတွေကို ပညာရပ်နယ်ပယ်မှာ တွေ့ရတတ်ပါတယ်။

၎ - ကွဲပြားမှု

ဘယ်နေရာကို ရောက်ရောက် သူတို့နဲ့ဆက်ဆံရတာ ကွဲပြားတယ်လို့ မခံစားရတာမျိုးပါ။ ဥပမာ - မိန်းကလေးဖြစ်တယ်ဆိုပြီး ယောက်ျားလေးတွေ စကားပြောဖို့ ရှိန်မနေသူမျိုးဖြစ်ပါတယ်။

play

 

၅ - ပြတ်သားမှု

ပြတ်ပြတ်သားသားပြောပြီး ပြတ်ပြတ်သားသားလုပ်တတ်တဲ့ အကျင့်မျိုး မိန်းကလေးတစ်ယောက်ဆီမှာ တွေ့ရတဲ့အခါ ဆွဲဆောင်မှု အလွန်ရှိပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD