AD
AD
AD
play

 

အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်း နော့သန်းဘားလန်းစီရင်စု ဟက်စ်ဟမ်းမြို့လေးက ပိုးလော့ခ်မိသားစုဟာ သာမန်မိသားစုလေး တစ်စုပါ။ ဂျွန်နဲ့ ဖလောရန့်စ်မှာ အသက် ၁၁ နှစ်အရွယ် ဂျိုအန်နာနဲ့ ၆ နှစ်အရွယ် ဂျက်ခ်ကွီလိုင်းဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီညီအစ်မနှစ်ယောက်ဟာ အမြဲ တစ်တွဲတွဲမခွဲအတူ ရှိခဲ့ကြပါတယ်။

၁၉၅၇ ခုနှစ် မေလ ၅ ရက်မှာ သူတို့ညီအစ်မနှစ်ယောက်နဲ့ သူငယ်ချင်းဟာ ကားမှောက်ပြီး သေဆုံး သွားခဲ့ပါတယ်။ သမီးလေးနှစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတဲ့အတွက် မိဘနှစ်ပါးမှာ ယူကျုံးမရဖြစ်ခဲ့ရပါတယ်။

ဒီလိုနဲ့ ဘဝကို ရှေ့ဆက်ရင်း ၁၉၅၈ ခုနှစ် အစောပိုင်းမှာ ဖလောရန့်စ်တစ်ယောက် ကိုယ်ဝန်ရှိလာခဲ့ပါတယ်။ ဂျွန်ဟာ ဒီကိုယ်ဝန်က ထူးခြားတယ်လို့ ခံစားရပြီး ဒါ အမြွှာမိန်းကလေးနှစ်ယောက်လို့ သူ့ဇနီးကို ပြောပါတယ်။ ဒါပေမဲ့ ဇနီးသည်ဖလောရန့်စ်က ဂျွန်ပြောတာကို မယုံခဲ့ပါဘူး။ ဆရာဝန်ပြတော့လည်း ကလေးတစ်ယောက်ကိုသာ လွယ်ထားရတယ်လို့ ပြောပေမဲ့ ဂျွန်ကတော့ နှစ်ယောက်လို့ချည်း တွင်တွင်ပြောနေခဲ့ပါတယ်။

ဂျွန်ပြောတာ မှန်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ဖလောရန့်စ်ဟာ ဂီလီယံနဲ့ ဂျနီဖာဆိုတဲ့ အမြွှာလေးနှစ်ယောက်ကို မွေးဖွားသန့်စင်ခဲ့ပါတယ်။

ချွတ်စွပ်တူတဲ့ အမြွှာလေးနှစ်ယောက်မှာ ဂျနီဖာက နှာခေါင်းထိပ်မှာ အမှတ်တစ်ခု ခါးဘယ်ဘက်ခြမ်းမှာ အမှတ်တစ်ခု ပါနေခဲ့ပါတယ်။ သေဆုံးသွားခဲ့တဲ့ ဂျက်ခ်ကွီလိုင်းမှာလည်း အဲဒီအမှတ်တွေအတိုင်း တစ်ထေရာတည်း ရှိခဲ့ပါတယ်။

play

 

အမြွှာလေးနှစ်ယောက် ၉ လအရွယ်မှာ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတဲ့ အိမ်ဟောင်းကနေ ရွှေ့ပြောင်းခဲ့ကြပါတယ်။ သမီးငယ်လေးနှစ်ယောက် မခံစားရလေအောင် အစ်မနှစ်ယောက်အကြောင်း မပြောဖို့ လင်မယားနှစ်ယောက်စလုံး ဆုံးဖြတ်ခဲ့ကြပါတယ်။

မိဘနှစ်ပါးက သေတ္တာဟောင်းတွေ ဖွင့်ချိန်မှာ အမြွှာလေးနှစ်ယောက်ဟာ သူတို့အစ်မတွေရဲ့ ပစ္စည်းတွေကို မှတ်မိနေခဲ့ပြီး ဂီလီယံက အရုပ်နှစ်ရုပ်ရဲ့နာမည်ကို သိနေခဲ့ကာ ဂျက်ခ်ကွီလိုင်းရဲ့ အကြိုက်ဆုံးအရုပ်ကိုပါ ရွေးချယ်ခဲ့ပါတယ်။

အမြွှာလေးနှစ်ယောက်ဟာ မော်တော်ကားတွေကို အလွန်ပဲ ကြောက်ရွံ့သူတွေဖြစ်ပြီး တစ်နေ့မှာ နှစ်ယောက်သား ကားအက်ဆီးဒင့်အကြောင်း ဆွေးနွေးနေတာကို မိဘနှစ်ပါးက ကြားခဲ့ရပါတယ်။

"ကား၊ ကား။ ငါတို့ဆီလာနေပြီ" လို့ သူတို့အော်နေသံကို ဂျွန်ကြားလိုက်ရတာပါ။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD