AD
AD
AD
play

 

၁။ ဝံပုလွေလား ဝက်ဝံလား

play

 

၁၉၈၈ ခုနှစ်တုန်းက အမေရိကန်ရဲအရာရှိတွေဟာ ဂျာမနီနိုင်ငံ မို့ဘက်ခ်ျမြို့အနီးက ရက်ပါးရက်သ်ရွာထဲက  နတ်နန်းတစ်ခုမှာ အမြဲတမ်း ထွန်းထားတဲ့ ဖယောင်းတိုင်တစ်ခုကို တွေ့မိတယ်။ ဒေသခံတွေကို မေးကြည့်တော့ အဲဒီဖယောင်းတိုင် ငြိမ်းသွားတာနဲ့ ၁၈၀၆ ခုနှစ်မှာ သေဆုံးသွားတဲ့  သမန်းဝံပုလွေဆိုးကြီးတစ်ကောင် ပြန်လာလိမ့်မယ်တဲ့။ ရက်အနည်းငယ်အကြာမှာ အဲဒီဖယောင်းတိုင်ဟာ တကယ်ပဲ ငြိမ်းသွားခဲ့ပါတယ်။ အမေရိကန်ရဲတွေဟာ တောထဲက သူတို့စခန်းက သတိပေးခေါ်ဆိုသံ ကြားရတယ်။ သူတို့တွေ လိုက်သွားတော့ စခန်းထဲကို တိရစ္ဆာန်တစ်ကောင် ရောက်နေတာကို မြင်လိုက်ရပါတယ်။ အဲဒီကောင်ဟာ ဝက်ဝံရိုင်းကြီးတစ်ကောင်နဲ့ တူတယ်။ ဒါပေမဲ့ သူ့ကို သေနတ်နဲ့ ပစ်လိုက်တော့ ဝံပုလွေလို မာန်ဖီသံထွက်လာပါတယ်။ အဲဒီနောက် မတ်တပ်ထရပ်ပြီး တောထဲကို ဝင်ရောက် ပျောက်ကွယ်သွားတယ်။

၂။ ဝံပုလွေတစ္ဆေ

play

 

၂၀၀၃ ခုနှစ်မှာ မာလာဝီနိုင်ငံ၊ ဒိုဝါမြို့မှာ သမန်းဝံပုလွေတစ်ကောင်ကို ကြောက်လန့်နေကြရတယ်။ အသက် ၃၀ နှစ်အရွယ် မော်ဂန်အေမွန်နီဟာ သူ့အဖေကို လိုက်ရှာတုန်း ဟိုင်အီးနားနဲ့တူတဲ့ အကောင်တစ်ကောင်နဲ့ ရင်ဆိုင်တွေ့လိုက်ရပါတယ်။ အဲဒီကောင်က ဟိုင်အီးနားထက်ကြီးပြီး ခြေထောက်တွေ ပိုရှည်တယ်။ မနှစ်က အဲဒီလိုသားရဲကြီးတစ်ကောင်က ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး လူ ၂၀ ဒဏ်ရာရအောင် လုပ်ခဲ့ဖူးတယ်။ အဲဒီနောက် တောခေါင်းတွေက သားရဲကြီး ပစ်သတ်လိုက်ပါတယ်။ အဲဒီတောရိုင်းတိရစ္ဆာန်ကြီးရဲ့ ဝိဥာဉ်က လက်စားခြေဖို့ ပြန်လာတယ်လို့ အေမွန်နီတွေးလိုက်မိတယ်။

၃။ ကြောက်တတ်တဲ့ သမန်းဝံပုလွေ

play

 

အဲဒီသမန်းဝံပုလွေကို ၁၉၇၅ ခုနှစ်မှာ အနောက်မစ်လန်းစ်မှာ ပထမဆုံး တွေ့ရှိခဲ့တာပါ။ ကံကောင်းတာက အဲဒီကောင်ကြီးက လူတွေနဲ့တွေ့တိုင်း ထွက်ပြေးတတ်တာပါပဲ။ ၂၀၀၆ ခုနှစ်မှာ မစ္စတာချက်ပ်မန်းဆိုတဲ့ လူတစ်ယောက်ဟာ သူ့ခွေးနဲ့ လမ်းလျှောက်လာစဉ်မှာ အူသံကြားလိုက်ရတယ်။ တောထဲကို ဝင်သွားတော့ အဝါရောင်မျက်လုံးနှစ်လုံးက သူ့ကို ဆိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ ဆယ်ကျော်သက် ၃ ယောက်လည်း မတ်တပ်ရပ်နေတဲ့ ဝံပုလွေတစ်ကောင်ကို တွေ့ဖူးသလို စာပို့သမားတစ်ယောက်နဲ့ ကင်းထောက်တစ်ယောက်လည်း အဲဒီလိုကောင်မျိုးနဲ့ ထိပ်တိုက်တိုးဖူးတယ်။ ဒါပေမဲ့ သူတို့ကိုမြင်တော့ အဲဒီကောင်ကြီးက ထွက်ပြေးသွားရော။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD