Lifestyle: ကလေးထိန်းတဲ့ ခွေးကြီးတွေ

ကလေးသုံးယောက်လုံးကို နိုင်နိုင်နင်းနင်း ထိန်းနိုင်ပါတယ်။

play

 

Joshua Fisher နဲ့ ဇနီးသည် Bee တို့က ကယ်လီဖိုးနီးမှာ နေထိုင်ပါတယ်။ ရင်သွေးသုံးယောက်ရှိနေပေမယ့် နောက်ထပ် ခွေးကြီးနှစ်ကောင်ကိုလည်း မွေးမြူထားပါတယ်။ ကလေးတွေနဲ့ခွေးတွေ အဆင်ပြေပါ့မလားလို့ စိတ်ပူခဲ့ပေမဲ့ တကယ်တမ်းရလဒ်ကတော့ ချစ်ဖို့ကောင်းနေခဲ့ပါတယ်။ ခွေးကြီးနှစ်ကောင်က သားသုံးယောက်လုံးနဲ့ အဆင်ပြေလွန်းနေတာ တွေ့ရပါတယ်။

play

 

ကလေးတွေနဲ့ယှဉ်ရင် အတော်ကိုကြီးမားလွန်းနေတဲ့ ခွေးကြီးတွေက ဝက်ဝံကြီးတွေလိုပါပဲ။ ချစ်စရာကြီးတွေပါ။ ရာလ်ဖီးကတော့ အသက်တစ်နှစ်ရှိပါပြီ။ ၂၀၁၄ ခုနှစ်ကမှ မွေးစားခဲ့တာဖြစ်ပါတယ်။ နောက်နှစ်မှာတော့ ပေါင် ၁၆၀ အလေးချိန်ရှိတဲ့ တစ်နှစ်သားခွေးကြီး ဘော့စ်ကို ထပ်မွေးခဲ့ပါတယ်။ သူတို့အရပ်ကလည်း နှုတ်သီးကနေ အမြီးထိ ခြောက်ပေတောင် ရှည်လျားပါတယ်။

play

 

သူတို့ရဲ့ သားသုံးယောက်လုံးက ခွေးတွေနဲ့ တရင်းတနှီးနေလိုကြတယ်လို့လည်း ဖစ်ရှားနဲ့ဘီးတို့က ဆိုပါတယ်။ ခွေးတွေကလည်း ကလေးတွေရဲ့အနွံအတာခံပြီး အေးအေးဆေးဆေး ရှိကြပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ