Lifestyle: ယနေ့တိုင် ရှိနေဆဲ ရွှေစာရံ ဘုရားပွဲက မျောက်မင်းသမီး

ဘုရားပွဲရဲ့ ဓလေ့တစ်ချို့ ပျောက်ကွယ်သွားပေမဲ့ မျောက်မင်းသမီးကတော့ ယနေ့တိုင် ရှိနေဆဲပါ။

play

 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့မှာ နှစ်စဉ် ပြုလုပ်နေကြ ရွှေစာရံဘုရားပွဲမှာ ရိုးရာအချို့ ကွယ်ပျောက်ကုန်ပြီ ဖြစ်ပေမဲ့ မျောက်မင်းသမီးတွေကတော့ ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အရင်ကတော့ ရွှေစာရံ ဘုရားပွဲကို ပေါင်းမိုးလှည်းတွေနဲ့ ဘုရားဖူးတွေ လာရောက်လေ့ရှိကြပေမဲ့ ဒီဘက်နောက်ပိုင်းမှာတော့ ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေ၊ မော်တော်ကားတွေနဲ့သာ လာရောက်တတ် ကြတယ်လို့ ဆိုပါတယ်။ ပေါင်းမိုးလှည်းနဲ့ ဘုရားပွဲ လာတဲ့ဓလေ့ ပျောက်သွားပေမဲ့ မျောက်မင်းသမီးကတော့ ရှိနေဆဲဖြစ်ကြောင်း ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

play
Photo : www.flickr.com/mgzaw

 

မျောက်မင်းသမီးဆိုတာ မင်းသမီးလေးဝတ်စုံ ဝတ်ထားတဲ့ မျောက်ကလေးတွေက ဘုရားပွဲအတွင်း လူတွေကို  လှည့်လည် ဖျော်ဖြေတာ ဖြစ်ပါတယ်။ သမိုင်းဝင်ရွှေစာရံ ဘုရားပွဲကို နှစ်စဉ် တပေါင်းလဆန်းက စပြီး တပေါင်းလပြည့်ကျော် ၉ ရက်နေ့အထိ စည်ကားစွာ ကျင်းပကြလေ့ ရှိပါတယ်။

ရွှေစာရံ ဘုရားပွဲရဲ့ နောက်ထပ်ထူးခြားချက်ကတော့ ဘုရားဖူးရတဲ့အပြင် ဒုဋ္ဌဝတီမြစ်အတွင်း ရေဆင်းချိုးလို့ ရတာပဲ ဖြစ်ပါတယ်။

Source & Photo : ကြေးမုံသတင်းစာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ