Lifestyle: နည်းပညာလောကရဲ့ ထိပ်တန်းသူဌေးကြီး (၁၀) ဦး

၁၀ ဦးမှာ ၄ ဦးက ပညာရေးဆုံးခန်းမတိုင်ခဲ့ပါဘူး။

play

 

တစ်နေ့ထက်တစ်နေ့ ပိုမိုထွန်းကားလာတဲ့ နည်းပညာတွေကြောင့် နည်းပညာလောကထဲကလူတွေလည်း ပိုပြီးကြွယ်ဝချမ်းသာလာကြပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေစာရင်းမှာတောင် နည်းပညာလောကသားတွေ ပါဝင်လာပါပြီ။ နည်းပညာလောကရဲ့ အချမ်းသာဆုံး သူဌေးကြီးတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဘီလ် ဂိတ်စ်

နည်းပညာနယ်ပယ်သာမကဘဲ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ Microsoft ကို တီထွင်ခဲ့သူဖြစ်ပြီး ဒေါ်လာ ၈၉.၄ ဘီလီယံလောက် ပိုင်ဆိုင်ထားသူပါ။

၂။ ဂျက်ဖ် ဘီဇော့စ်

play

 

ဂိုဒေါင်လေးတစ်ခုမှာ အလုပ်လုပ်ရင်း Amazon.com ကို တည်ထောင်ဖို့ စိတ်ကူးရလာခဲ့ပြီး ဒေါ်လာ ၅၁.၂ သန်းလောက် ပိုင်ဆိုင်လာခဲ့ပါတယ်။

၃။ မာ့ခ် ဇူကာဘက်ဂ်

play

 

အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ပါဘူး။ သူတီထွင်ခဲ့တဲ့ ဖေ့စ်ဘွတ်ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်လာပြီး ဒေါ်လာ ၄၆.၂ ဘီလီယံလောက် ပိုင်ဆိုင်ထားပေမဲ့ အသက်က ၃၁ နှစ်ပဲ ရှိပါသေးတယ်။

၎။ လယ်ရီ အဲလစ်ဆင်

play

 

ကမ္ဘာ့ ဒုတိယအကြီးမားဆုံး ဆော့ဖ်ဝဲကုမ္ပဏီကြီး Oracle ရဲ့ အမှုဆောင်အရာရှိချုပ် လယ်ရီအဲလစ်ဆင်မှာ ဒေါ်လာ ၄၆.၁ ဘီလီယံလောက် ပိုင်ဆိုင်ပါတယ်။ သူ့ရဲ့ဆော့ဖ်ဝဲတွေကို စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရလုပ်ငန်းတွေမှာ အဓိက အသုံးပြုကြပါတယ်။

၅။ လယ်ရီ ပေ့ခ်ျ

play

 

Google ကို တည်ထောင်သူ သူဌေးကြီး ပေ့ခ်ျက ဒေါ်လာ ၃၇.၈ ဘီလီယံလောက် ပိုင်ဆိုင်ထားသူပါ။  လက်ရှိမှာ Google ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ်နဲ့ နည်းပညာနယ်ပယ်ရဲ့ ဘုရင်အဖြစ် သတ်မှတ်ခံထားရသူပါ။

၆။ ဆာဂျေး ဘရင်

play

 

Google ရဲ့ ပူးတွဲတည်ထောင်သူဖြစ်ပြီး ဒေါ်လာ ၃၆.၂ ဘီလီယံလောက် ကြွယ်ဝသူ ဖြစ်ပါတယ်။ အသက်ကတော့ ၄၂ နှစ်ပါ။ ဒါ့ပြင် Google ကနေ ထပ်မံတည်ထောင်ထားတဲ့ Alphabet ကုမ္ပဏီကိုလည်း ဦးဆောင်နေပြန်ပါတယ်။

၇။ ဂျက်မား

play

 

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်း ဈေးရောင်းဈေးဝယ် ဝက်ဘ်ဆိုက် Alibaba.com တည်ထောင်ပြီး ဒေါ်လာ ၂၆.၃ ဘီလီယံလောက်အထိ ပိုင်ဆိုင်ထားသူပါ။

၈။ စတိဗ် ဘောလ်မာ

play

 

၁၉၈၀ ခုနှစ်တုန်းက စီးပွားရေးတက္ကသိုလ်တက်နေရင်း ကျောင်းထွက်ပြီး ဘီလ်ဂိတ်စ်နဲ့အတူ Microsoft ကုမ္ပဏီမှာ သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။ ကုမ္ပဏီတည်ထောင်သူစာရင်းဝင်မဟုတ်ဘဲ လုပ်ငန်းကျွမ်းကျင်မှုကတစ်ဆင့် ရှယ်ယာဝင်ဖြစ်လာခဲ့သူပါ။ ခုတော့ Microsoft မှာ မလုပ်တော့ပါဘူး။ ဒေါ်လာ ၂၅.၉ ဘီလီယံလောက် လက်ထဲပိုက်ပြီး ဘတ်စကတ်ဘောအသင်းတစ်သင်းကို ဝယ်ယူထားပါတယ်။

၉။ မိုက်ကယ် ဒဲလ်

play

 

Dell ကွန်ပျူတာကုမ္ပဏီပိုင်ရှင်ကြီး မိုက်ကယ် ဒဲလ်ဟာ တက္ကသိုလ်တက်နေရင်း ကုမ္ပဏီအသေးစားတစ်ခုကို တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျောင်းထွက်ပြီး နည်းပညာလောကကို အာရုံစိုက်ခဲ့ရာကနေ ခုချိန်မှာ ဒေါ်လာ ၁၈.၉ ဘီလီယံလောက် ပိုင်ဆိုင်လာခဲ့ပါပြီ။

၁၀။ မာ ဟွာတန်

play

 

တရုတ်နိုင်ငံသာမကဘဲ အာရှမှာပါ လူသုံးတွင်ကျယ်နေတဲ့ လူမှုကွန်ရက်အက်ပလီကေးရှင်းတွေကို ဖန်တီးရာ Tencent Holding ရဲ့ ဦးဆောင်သူဖြစ်ပါတယ်။ သူ့ကို ပိုနိ မာ (Pony Ma) လို့လည်း ခေါ်ကြပါတယ်။ Tencent ဟာ နည်းပညာထုတ်ကုန်တွေအပြင် ဂိမ်းတွေနဲ့ အနုပညာနယ်ပယ်ကိုပါ ခြေဆန့်လာနေပါပြီ။ မာ ဟွာတန်ရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၁၈.၂ ဘီလီယံလောက် ရှိပါတယ်။

Source : Business Insider, 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ