Lifestyle: ဗြိတိန်က မစင်ပြတိုက်

မစင်မျိုးစုံကို လေ့လာနိုင်ပါတယ်။

play

 

ထူးထူးဆန်းဆန်းတွေ အမြဲတမ်းပြုလုပ်လေ့ရှိတဲ့ အနောက်တိုင်းသားတွေကတော့ တစ်မျိုးပြီးတစ်မျိုး ဖန်တီးနေတော့တာပါပဲ။ ခုလည်း ဗြိတိန်မှာ အမျိုးသား မစင်ပြတိုက်ရယ်လို့ ဖြစ်လာပြန်ပါပြီ။

play
မစင် အမျိုးအစားအစုံကို စုစည်းထားပုံ

 

ပြတိုက်မှာ လူနဲ့ တိရစ္ဆာန်မျိုးစုံတို့ရဲ့ မစင်အမျိုးမျိုးကို အခြောက်ခံထားတဲ့ ပုံစံနဲ့ ခင်းကျင်းပြသထားမှာပါ။ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၃၈ သန်းလောက်ကလို့ ယုံကြည်ရတဲ့ မစင်ပုံတစ်ခုမှာတော့ သွားနဲ့အရိုးတွေကိုလည်း အတူတကွ တွေ့ရပါတယ်။ မစင်အမျိုးမျိုး ပြသရာမှာ ဇီးကွက်၊ ခို၊ နွား၊ မြေခွေးနဲ့ အရွယ်ရောက်ပြီး လူရဲ့မစင်တွေလည်း ပြသထားမယ်လို့ သိရပါတယ်။

play
မစင်တွေကို ခြောက်သွေ့အောင်ပြုလုပ်ပြီးမှ ပြသမှာပါ

 

play

 

မစင်အပေါ် ထားရှိတဲ့ လူတွေရဲ့ ခံစားချက်တွေကို ပြောင်းလဲစေဖို့ ရည်ရွယ်ပြီး အမျိုးသားမစင်ပြတိုက်ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြတိုက်တာဝန်ရှိသူတွေက ဆိုပါတယ်။ တကယ်တော့ မစင်တွေဟာ လုံးဝ အသုံးမဝင်တာမဟုတ်ဘဲ မစင်ကိုကြည့်ကာ ကျန်းမာရေးအခြေအနေကို သိရှိနိုင်သလို မစင်ကနေတစ်ဆင့် စွမ်းအင်လည်းထုတ်လုပ်နိုင်ပါသေးတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ