Lifestyle: အောင်မြင်သူ (၅) ဦးရဲ့ စနေ၊ တနင်္ဂနွေ အလေ့အထများ

အောင်မြင်ကျော်ကြားသူ (၅) ဦးရဲ့ စနေ၊ တနင်္ဂနွေ အလေ့အထတွေကို စုစည်းဖော်ပြထားပါတယ်။

play


အောင်မြင်သူတွေရဲ့ အလေ့အထတွေကို လူတိုင်းအတွက် အတုယူဖွယ်ရာတွေ ဖြစ်ပါတယ်။ သူတို့မှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ ရှိကြသလို ဒီလို စွမ်းဆောင်ရည်တွေ ရှိလာစေတဲ့ အလေ့အထကောင်းတွေလည်း ရှိပါတယ်။ သူတို့ရဲ့ စနေ၊ တနင်္ဂနွေမှာ လုပ်လေ့ရှိတဲ့ အလေ့အထိတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ အောင်မြင်ကျော်ကြားသူ (၅) ဦးရဲ့ စနေ၊ တနင်္ဂနွေ အလေ့အထတွေကို စုစည်းဖော်ပြထားပါတယ်။

ရောဘတ် အိုင်ဂါ

The Walt Disney ကုမ္ပဏီရဲ့ စီအီးအို ရောဘတ် အိုင်ဂါက စနေ၊ တနင်္ဂနွေမှာလည်း စောစောထတဲ့ အလေ့အကျင့် ရှိပါတယ်။

play


သူက နံနက် ၄း၃၀ မှာ အိပ်ရာထလေ့ရှိတယ်လို့ ဆိုပါတယ်။ အောင်မြင်သူတွေဟာ စနေ၊ တနင်္ဂနွေမှာလည်း နေမြင့်အောင် အိပ်လေ့မရှိပါဘူး။ သုတေသနအရ လူတွေရဲ့ ဦးနှောက်ဟာ လမ်းလျှောက်ပြီး ၂ နာရီခွဲမှ ၄ နာရီအတွင်း စွမ်းဆောင်မှု အကောင်းဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ နံနက်စောစောထ လမ်းလျှောက်ပြီး တစ်နေ့တာကို ဖြတ်သန်းခြင်းက စွမ်းဆောင်ရည် မြင့်တက်စေနိုင်ပါတယ်။

ဘင်ဂျမင် ဖရန်ကလင်း

သမိုင်းမှာ ထင်ရှားခဲ့တဲ့ အမေရိကန်နိုင်ငံ တည်ထောင်ခဲ့သူ ဘင်ဂျမင် ဖရန်ကလင်းက စနေ၊ တနင်္ဂနွေ အပါအဝင် နေ့စဉ်နေ့တိုင်း အစီအစဉ်တစ်ခု ချမှတ်လေ့ရှိပါတယ်။

play


အောင်မြင်သူတွေဟာ နေ့စဉ်ရည်မှန်းချက်ရဲ့ အရေးကြီးမှုကို သိကြပါတယ်။ သူတို့ဟာ ဒီနေ့ ဘာလုပ်သင့်လဲဆိုတာကို စနေ၊ တနင်္ဂနွေ အပါအဝင် နေ့စဉ် အစီအစဉ် ချမှတ်လေ့ရှိပါတယ်။

စတိဗ်ဂျော့

play


ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကျော် Apple ကုမ္ပဏီ စီအီးအို စတိဗ်ဂျော့က စနေ၊ တနင်္ဂနွေရောက်ရင် ဘယ်အရာတွေကို ဦးစားပေး လုပ်သွားရမလဲ စဉ်းစားဆုံးဖြတ်တယ်လို့ ဆိုပါတယ်။ စနေ၊ တနင်္ဂနွေရက်တွေဟာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း လုပ်ဖို့မေ့လျော့ခဲ့တဲ့ အရာတွေကို ပြန်စဉ်းစားရင် ဦးစားပေး အစီအစဉ်တွေ ချမှတ်သင့်တဲ့ ရက်တွေပါပဲ။

ဝါရင်းဘာဖတ်

ကမ္ဘာမှာ အောင်မြင်မှုအရှိဆုံး ရင်းနှီးမြှုပ်နှံသူ သူဌေးကြီး ဝါရင်းဘာဖတ်က စနေ၊ တနင်္ဂနွေမှာ ဝါသနာပါတဲ့ အလုပ်တွေ လုပ်လေ့ရှိပါတယ်။ သူက စနေ၊ တနင်္ဂနွေရက်တွေမှာ ကြိုးလေးချောင်းတပ် ဂစ်တာလေးတီးရတာကို နှစ်သက်ပါတယ်။

play


အောင်မြင်တဲ့ လူတွေရဲ့ စိတ်ဝင်စားစရာတွေထဲမှာ သူတို့ရဲ့ ဝါသနာတွေလည်း ပါဝင်ပါတယ်။ သူတို့က သူတို့ရဲ့ ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ဖို့အတွက် အချိန်တစ်ခု သတ်မှတ်ထားလေ့ရှိပါတယ်။ အောင်မြင်သူတွေဖြစ်တဲ့ မင်းသမီး မယ်ရီစထရိက သိုးမွှေးထိုး ဝါသနာပါသလို အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျဒဗလျူဘုရှ်က ရေဆေးပန်းချီဆွဲလေ့ရှိပါတယ်။

ဘီလ်ဂိတ်

Microsoft ကုမ္ပဏီကြီးရဲ့ တည်ထောင်သူ ဘီလ်ဂိတ်က စနေ၊ တနင်္ဂနွေရက်တွေမှာ ပြီးခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည် သုံးသပ်လေ့ရှိပါတယ်။

play


အောင်မြင်မှုတွေကို အောင်ပွဲခံသလိုပဲ ကျရှုံးမှုတွေကနေလည်း သင်ခန်းစာယူနိုင်ဖို့အတွက် ပြန်လည် သုံးသပ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်မှုဟာ နေ့စဉ်လုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ စနေ၊ တနင်္ဂနွေဟာ အချိန်ပိုရနိုင်တာကြောင့် အကောင်းဆုံး နေရက်တွေပါပဲ။
Source & Photo: Daily Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ