Lifestyle: လူငါးဦးမှာတစ်ဦး အဝလွန်သူ ဖြစ်လာမည်

ဆယ်စုနှစ် လေးခုအတွင်း ကမ္ဘာတစ်ဝန်း အမျိုးသားများ အဝလွန်မှုဟာ သုံးဆတိုးလာပြီး အမျိုးသမီးများ အဝလွန်မှုမှာ နှစ်ဆတိုးလာခဲ့ပါတယ်။

play


ကမ္ဘာ့နိုင်ငံများမှာ အဝလွန်သူတွေ ပိုမိုများပြားလာပြီး မူလထင်ထားသည်ထက် ပိုမိုဆိုးရွားနိုင်ဖွယ် ရှိနေပါတယ်။ အသစ်တွေ့ရှိရတဲ့ သုတေသနရလဒ်အရ ၂၀၂၅ ခုနှစ်ရောက်မှာ အမျိုးသား ၁၈ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၂၁ ရာခိုင်နှုန်းဟာ အဝလွန်သူတွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။

play


ဆယ်စုနှစ် လေးခုအတွင်း ကမ္ဘာတစ်ဝန်း အမျိုးသားများ အဝလွန်မှုဟာ သုံးဆတိုးလာပြီး အမျိုးသမီးများ အဝလွန်မှုမှာ နှစ်ဆတိုးလာခဲ့ပါတယ်။ သုတေသနက ၁၉၇၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နိုင်ငံပေါင်း ၂၀၀ မှ ခန္ဓာကိုယ် အညွန်းကိန်းတွေကို နှိုင်းယှဉ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သုတေသနရရလဒ်ရဲ့ တွေ့ရှိမှုအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- လေ့လာမှုများအရ နိုင်ငံ ၁၃၆ နိုင်ငံမှာ သာမန် ကိုယ်အလေးချိန်အောက်ရှိသူ အမျိုးသားအရေအတွက်ထက် အဝလွန်တဲ့ အမျိုးသားဦရေက ပိုများလာပြီး နိုင်ငံပေါင်း ၁၆၅ နိုင်ငံမှာတော့ အဝလွန်သူ အမျိုးသမီးဦးရေက သာမန် ကိုယ်အလေးချိန်အောက်ရှိသူ အမျိုးသမီးများထက် ပိုများနေမယ်လို့ ဆိုပါတယ်။

- မှတ်တမ်းများအရ ၁၉၇၅ ခုနှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၂.၆ ရာခိုင်နှုန်းသာ အဝလွန်သူတွေ ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ၈.၉ ရာခိုင်နှုန်းက အဝလွန်သူတွေ ဖြစ်လာပါတယ်။

play


- အဝလွန်သူ အမျိုးသားအရေအတွက် ၁ ရာခိုင်နှုန်းအောက်သာရှိတဲ့ နိုင်ငံများမှာ ဘူရွန်ဒီနဲ့ အရှေ့တီမော နှစ်နိုင်ငံ ဖြစ်ပါတယ်။ အမျိုးသမီး အဝလွန်သူ ၅ ရာခိုင်နှုန်းအောက်ရှိတဲ့ နိုင်ငံများမှာ အရှေ့တီမော၊ ဂျပန်၊ ဗီယက်နမ်၊ မြောက်ကိုရီးယား၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံများ ဖြစ်ပါတယ်။

- တစ်ဦးချင်း ဝင်ငွေကောင်းတဲ့ သြစတြးလျ၊ ကနေဒါ၊ အိုင်ယာလန်၊ နယူးဇီလန်၊ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံများမှ အဝလွန်သူဦးရေဟာ တစ်ကမ္ဘာလုံးရှိ အဝလွန်သူဦးရေရဲ့ လေးပုံတစ်ပုံ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံများမှာ အဝလွန်သူ အရေအတွက်က ၂၆ သန်းဖြစ်ပြီး တစ်ကမ္ဘာလုံး အဝလွန်သူဦးရေရဲ့ ၁၃.၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။

play


- ကာရစ်ဘီယန်နဲ့ အရှေ့အလယ်ပိုင်း ဒေသရှိ အမျိုးသမီးတွေရဲ့ ၄၀ မှ ၅၀ ရာခိုင်နှုန်းက အဝလွန်သူတွေ ဖြစ်ပါတယ်။

- ၁၉၇၅ ခုနှစ်က တရုတ်နိုင်ငံဟာ အမျိုးသားများ အဝလွန်မှု သတ်မှတ်ချက် နံပါတ် ၆၀ နဲ့ အမျိုးသမီးများ အဝလွန်မှု နံပါတ် ၄၁ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ် အရောက်မှာတော့ တရုတ်နိုင်ငံဟာ အမျိုးသားနဲ့ အမျိုးသမီး အဝလွန်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်လာပါတယ်။

- အမေရိကန်မှာ အမျိုးသားလေးဦးမှာ တစ်ဦးက အဝလွန်ပြီး အမျိုးသမီးငါးဦးမှာ တစ်ဦးက အဝလွန်သူ ဖြစ်ပါတယ်။ သုတေသနရဲ့ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ် အရောက်မှာ အမေရိကန် အမျိုးသမီး ၄၃ ရာခိုင်နှုန်းနဲ့ အမျိုးသား ၄၅ ရာခိုင်နှုန်းဟာ အဝလွန်သူတွေ ဖြစ်လာမယ်လို့ သိရပါတယ်။
Source &  Photo: CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ