Lifestyle: ကမ္ဘာကျော်ဗိသုကာရှင်ရဲ့ အလန်းဆုံးအဆောက်အအုံ (၁၀) ခု

, updated

သူမကတော့ ကွယ်လွန်သွားပါပြီ။

play

 

မကြာခင်ကမှ ကွယ်လွန်သွားတဲ့ ကမ္ဘာကျော် ဗိသုကာပညာရှင် ဇာဟာ ဟက်ဒစ်ရဲ့ အဆောက်အအုံဒီဇိုင်းတွေက နာမည်ကျော်ခဲ့ပါတယ်။ ခမ်းနားသပ်ရပ်ရုံသာမကဘဲ ဆန်းပြားတဲ့အသွင်သဏ္ဌာန်ကြောင့်လည်း သူမရဲ့ ဒီဇိုင်းတွေဟာ စံနမူနာပြုစရာ ဖြစ်ခဲ့ပါတယ်။ သူမကတော့ လွန်ခဲ့တဲ့ ရက်အနည်းကပဲ ရုတ်တရက် နှလုံးဖောက်ပြီး ဆုံးသွားခဲ့ပါပြီ။ သူမ ကွယ်လွန်ချိန်မှာ အသက် ၆၅ နှစ်သာ ရှိခဲ့ပါတယ်။ သူမရဲ့ အလန်းစားဒီဇိုင်းတွေကို ဖော်ပြလိုက်ပါတယ်။

play

 

၁။ Vita Fire ဘူတာရုံ

၁၉၉၄ ခုနှစ်မှာ ဆောက်လုပ်ပြီးစီးခဲ့တဲ့ ဘူတာရုံဟာ ဂျာမနီနိုင်ငံ Weil am Rhein မြို့မှာတည်ရှိပါတယ်။ သူမရဲ့ ပထမဆုံးလက်ရာပါ။

play

 

၂။ Phaeno Science Centre

ဝုစ်ဘက်မြို့က သိပ္ပံစင်တာကိုလည်း သိပ္ပံကားတွေထဲကဒီဇိုင်းတွေအတိုင်း လက်တွေ့အကောင်အထည်ဖော်ပြခဲ့ပါတယ်။

play

 

၃။ Pavilion တံတား

ဇာရာဂိုဇာမြို့က ပါဗီလွန်တံတားကို ပထမအကြိမ်တွေ့မိသူတိုင်း လည်ပြန်မငေးဘဲ မနေနိုင်ကြပါဘူး။

play

 

၎။ ကွမ်ကျိုးပြဇာတ်ရုံ

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့က ပြဇာတ်ရုံကိုလည်း သူမပဲ ဒီဇိုင်းဆွဲဖန်တီးပေးခဲ့တာပါ။

play

 

၅။ Sheikh Zayed တံတား

ယူအေအီးနိုင်ငံ အဘူဒါဘီမြို့က ရှိတ်ခ်ဇေးတံတားဟာ ၈၄၂ မီတာ ရှည်လျားပြီး ၂၀၁၀ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ