Lifestyle: ခွေးတွေ မုန်းတဲ့အရာ (၁၀) ခု

လူတွေရဲ့အဖော် ခွေးတွေအတွက် အနှောင့်အယှက်ဖြစ်စေပြီး သူတို့ မနှစ်သက်တဲ့ လူတွေရဲ့ အပြုအမူတွေ ရှိပါတယ်။

play


ခွေးတွေဟာ လူတွေအတွက် အကောင်းဆုံး အဖော်လို့ ဆိုကြပါတယ်။ လူတွေရဲ့အဖော် ခွေးတွေအတွက် အနှောင့်အယှက်ဖြစ်စေပြီး သူတို့ မနှစ်သက်တဲ့ လူတွေရဲ့ အပြုအမူတွေ ရှိပါတယ်။

play


၁။ ခွေးတွေကို မျက်လုံးချင်းဆုံပြီး စူးစိုက်ကြည့်ရင် သူတို့ မကြိုက်ပါဘူး။ ဒီလိုကြည့်ရင် ခွေးတွေ ဒေါသထွက် ရန်လိုပြုမူတတ်ပါတယ်။

play


၂။ လူတွေက ပွေ့ဖွက်ခံရတာကို နှစ်သက်နိုင်ပေမဲ့ ခွေးကတော့ သူတို့ကို ပွေ့ဖက်တာကို မကြိုက်ကြပါဘူး။

play


၃။ ခွေးတွေဟာ သူတို့ကို အော်ဟစ်ပြောဆိုပြီး စေခိုင်းရင် မကြိုက်ပါဘူး။ သူတို့ကို အော်ဟစ်ပြောဆိုရင် ဒေါသထွက်လာပါလိမ့်မယ်။

play


၎။ ခွေးတွေနဲ့ ဆော့ကစားလေ့ရှိကြပေမဲ့ တစ်ကယ်တမ်းမှာတော့ သူတို့ကို အနှောင့်အယှက်ဖြစ်လောက်အောင် စနောက်တာကို ခွေးတွေ မကြိုက်ပါဘူး။

play


၅။ လူတွေဟာ ဂရုစိုက်ခံချင်ကြသလို ခွေးတွေကလည်း သူတို့ကို ဂရုစိုက်မှ ကြိုက်ကြပါတယ်။ ခွေမွေးထားသူတွေဟာ အိမ်မှာရှိနေတဲ့အချိန် သူတို့ကို ဂရုစိုက်ကြောင်း ပြသပေးသင့်ပါတယ်။

play


၆။ လူကြားထဲ သွားလေ့မရှိသူတွေ လူအုပ်ထဲသွားလာ နေထိုင်ရတဲ့အခါ မဝံ့မရဲ ဖြစ်တတ်သလိုပါပဲ။ ခွေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အိမ်မှာပဲ အနေများတဲ့ ခွေးတွေကို ခွေးတွေနဲ့ အခြား ခွေးတွေနဲ့ အတင်းအကျပ် တွေ့ဆုံပေးတာမျို မလုပ်သင့်ပါဘူး။ အခြား ခွေးတွေနဲ့ ပုံမှန် တွေ့ဆုံတာမျိုး စီစဉ်ပေးသင့်ပါတယ်။

play


၇။ ခွေးတွေ အိပ်ပျော်နေရင် ခြောက်လှန့်ပြီး နှိုးလိုက်တာမျိုး မလုပ်ပါနဲ့။ ခွေးတွေဟာ ကလေးငယ်တွေလိုပဲ အိပ်ပျော်နေစဉ် အတင်မနှိုးသင့်ပါဘူး။

play


၈။ အခြား တိရစ္ဆာန်တွေနဲ့ လုံးဝ တွေ့ဆုံမှုမရှိစေတာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်ရဲ့ခွေးကို အခြား ခွေးတွေနဲ့ မိတ်ဖွဲ့ပေးသလို အခြား တိရစ္ဆာန်တွေနဲ့လည်း ရင်းနှီးမှုရှိအောင် လုပ်သင့်ပါတယ်။

play


၉။ ခွေးတွေကို အစာကျွေးချိန်၊ ဆော့ကစားချိန်၊ လမ်းလျှောက်ထွက်ချိန် စတဲ့အချိန်တွေ မှန်ပါစေ။ ခွေးတွေရဲ့ တစ်နေ့တာ အချိန်ဇယား ပြောင်းလဲရင် သူတို့ မနှစ်သက်တတ်ကြပါဘူး။

play


၁၀။ ခွေးတွေနဲ့ တွေ့ဆုံတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ အသံချိုသာစွာ ခေါ်ဆိုနှုတ်ဆက်ပါ။ ခွေးတွေက သူတို့ကို နှုတ်ဆက်တဲ့အခါ ကြမ်းတမ်းတဲ့ အမူအရာ အသံတို့ဖြင့် နှုတ်ဆက်ရင် မကြိုက်ကြပါဘူး။
Source & Photo: LifeHack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ