Lifestyle: လက်ပတ်နာရီကနေပြောနေတဲ့ သင့်ရဲ့ ပင်ကိုစရိုက်

သူတို့ ရွေးချယ်လိုက်တဲ့ လက်ပတ်နာရီတွေဟာဆိုရင်လည်း လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်ကို ပေါ်လွင်နေစေပါတယ်။

play

 

ခမ်းနား ထည်ဝါပြီး စမတ်ကျတဲ့ အမျိုးသားတိုင်းဟာ သူတိုရဲ့ လက်ပတ်နာရီတွေကို သေသေချာချာ ရွေးချယ်ဝယ်ယူလေ့ရှိပါတယ်။ သူတို့ ရွေးချယ်လိုက်တဲ့ လက်ပတ်နာရီတွေဟာဆိုရင်လည်း လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်ကို ပေါ်လွင်နေစေပါတယ်။

အဲဒါကြောင့် ယခုတစ်ခေါက်မှာတော့ လက်ပတ်နာရီတွေကနေပြောတဲ့ လူတစ်ယောက်ရဲ့ ပင်ကိုစရိုက်အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

“Shopee” ကနေ ရောင်းချပေးနေတဲ့ လက်ပတ်နာရီလေးတွေကိုလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။

“Shopee” မှာ သွားရောက်ကြည့်ရှုရန် နှိပ်ပါ။

သားရေ လက်ပတ်နာရီ

play

 

တကယ်လို့ သင်ဟာ သားရေလက်ပတ်နာရီကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒါဟာ နေ့စဉ်လုပ်ဆောင်မှုတွေကို သက်သောင့်သက်သာနဲ့ လုံလုံခြုံခြုံလုပ်ဆောင်တတ်တယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် အားကိုးလို့ရတဲ့သူ ဖြစ်ပြီး၊ ရိုးရာအစဉ်အလာမပျက်နေတတ်သူ၊ အချိန်ကန့်သတ်ချက်မရှိသူဖြစ်ကြောင်းနဲ့ တန်ဖိုးထားတတ်မှုကို ပြသရာရောက်ပါတယ်။

အိတ်ဆောင်နာရီ

play

 

အိတ်ဆောင်နာရီကို နှစ်သက်တဲ့သူဟာ အမွေအနှစ်တွေကို တန်ဖိုးထားတတ်သူပါ။ သူတို့ ကိုင်ဆောင်ထားတဲ့ အိတ်ဆောင်နာရီဟာ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတာ မဟုတ်ပေမယ့်၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားပြီးတော့ အရေအတွက်အထက် အရည်အသွေးကို ဦးစားပေးတတ်သူ၊ ဂရုစိုက်တတ်တဲ့သူလို့ ပြောနိုင်ပါတယ်။

Chronograph လက်ပတ်နာရီ

play

 

Chronograph နာရီများဟာ လက်တံတွေအပြင် ၊ ကိန်းဂဏန်းတွေနဲ့ပါ အချိန်ပြသပေးတဲ့ နာရီပါ။ သူတို့ကို ရွေးချယ်တဲ့သူတွေဟာ ရရှိတဲ့အချိန်မှာ သာမန်ထက်ပိုပြီး ကျွမ်းကျင်လိမ္မာပါးနပ်စွာနဲ့ သေသေသပ်သပ် လုပ်ဆောင်လိုကျသူများပါ။ အဆိုပါနာရီများကို အနောက်တိုင်းဝတ်စုံအပြည့်နဲ့ တောက်ပြောင်တဲ့ ဖိနပ်တွေကို ဝတ်ဆင်လေ့ရှိပါတယ်။

ဒီဂျစ်တယ် လက်ပတ်နာရီ

play

 

ဒီဂျစ်တယ် လက်ပတ်နာရီကို နှစ်သက်ကျသူတွေကတော့ နည်းပညာအတွက် အသက်ရှင်သန်သူတွေနဲ့ ရည်ရွယ်ချက်တွေကို အတားအဆီးမရှိ မြန်မြန်ဆန်ဆန် လုပ်ဆောင်လိုသူတွေဖြစ်ပါတယ်။ သူတို့တွေဟာ ခေတ်ရေစီးကြောင်းနဲ့ လိုက်လျောညီထွေအောင် နေတတ်ကြပါတယ်။ နာမည်ကြီး ဖက်ရှင်ဘလော့ခ် ရေးသားသူတွေ ဝတ်ဆင်ကြတာကိုလည်း တွေ့ရနိုင်ပါတယ်။

"Whatever your watch preference, make sure it is a considered choice that reflects who you are."

Shopee အကြောင်း ပိုမိုသိရှိနိုင်ရန်နှိပ်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ