Lifestyle: နွေရာသီမှာ သင့်ရဲ့ အသားအရေကို ဘယ်လို ထိန်းသိမ်းမလဲ

အထူးသဖြင့် ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် သင်ရဲ့ အသားအရေကို ထိခိုက်မှု ပိုများစေနိုင်ပြီး ခြောက်သွေ့ ပျက်စီးနိုင်ပါတယ်။

play


နွေရာသီဟာ အလွန် ပူပြင်းတဲ့ရာသီ ဖြစ်တဲ့အတွက်သင့်ရဲ့ အသားအရေကို အထူးထိန်းသိမ်းရမယ့် ကာလဆိုရင်လည်း မမှားပါဘူး။ အထူးသဖြင့် ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် သင်ရဲ့ အသားအရေကို ထိခိုက်မှု ပိုများစေနိုင်ပြီး ခြောက်သွေ့ပျက်စီးနိုင်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ နေ့ခင်းလိုမျိုး နေပူချိန်တွေမှာဆိုရင် အရိပ်ရတဲ့ နေရာမှာတွေမှာ နားနေသင့်ပြီး တကယ်လို့ အပြင်ထွက်ရမယ်ဆိုရင်လည်း sunscreen ကို ၁၅ မိနစ် ၊ မိနစ် ၃၀ ခန့် ကြိုတင်လိမ်းပေးပါ။ ပြီးရင် ၂ နာရီ တစ်ကြိမ် ပြန်လိမ်းပေးပါ။ နေကာမျက်မှန်၊ ဦးထုပ်နဲ့ ထီးတို့ကို ယူဆောင်သွားပေးပါ။

မျက်နှာနဲ့ ခြေထောက်အတွက် အိမ်တွင်းဖြစ် ထိန်းသိမ်းနည်းလေးကိုလည်း မျှဝေပေးလိုက်ပါတယ်။

“Shopee” ကနေ တင်ဆက်ပေးထားတဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို ကြည့်ရှုနိုင်ပါတယ်။

မျက်နှာကို ထိန်းသိမ်းနည်း

play


အိမ်ပြန်ရောက်ပြီဆိုရင် ပူပြင်းတဲ့အတွက် သင့်ရဲ့မျက်နှာကို ရေအေး၊ ရေပူတို့နဲ့ အသားအရေကို စိုစွတ်အောင် မလုပ်သင့်ပါဘူး။ မျက်နှာမှာ အဆီပြန်ခဲ့ရင်လည်း tissue သို့မဟုတ် အသားအရေ စိုစွတ်စေမယ့် အလှကုန်ပစ္စည်း တစ်မျိုမျိုး အသုံးပြုလို့ရပါတယ်။

တစ်ကယ်လို့ သင့်အနေနဲ့ အသားအရေစိုစွတ်နေအောင် သဘာဝ အသီးအနှံတွေကနေ အိမ်မှာ ကိုယ်တိုင် ပြုလုပ်ချင်တယ်ဆိုရင်တော့ သခွားသီးနဲ့ ဖရဲသီးရေကို ရေခဲသေတ္တာထဲမှာ အအေးခံပြီးတော့ မျက်နှာမှာ လိမ်းထားနိုင်ပါတယ်။

ခြေထောက် ထိန်းသိမ်းနည်း

play


သင့်ရဲ့ ခြေထောက်ကိုလည်း တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိန်းသိမ်းသလိုမျိုး လုပ်ဆောင်ပေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြေဖမိုးတွေ ကွဲအက်ပြီး ခြောက်သွေ့နေတဲ့ ခြေထောက်ဟာ အလှပျက်စေပါတယ်။

သင့်အနေနဲ့ အိမ်မှာ ဆားရေဖျော်ထားတဲ့ ရေထဲမှာ ခြေထောက်နဲ့ လက်တွေကို ၁၅ - ၂၀ မိနစ်ခန့်ကြာအောင် စိမ်ပေးပါ။ ၂  မိနစ်ကိုတစ်ကြိမ် ရေပူကနေ ရေအေးကို ပြောင်းစိမ်ပေးပြီး အကြိမ်ကြိမ်ပြုလုပ်ပါ။ ဒီလိုမျိုး တစ်ပတ်ကို ၁၅ မိနစ်ကြာ လုပ်သွားပေးပါက သင့်ရဲ့ သွေးလည်ပတ်မှုအား ပိုကောင်းစေသလို၊  ပင်ပန်းနွမ်းနယ်မှုကိုလည်း ပျောက်ကင်းစေပါတယ်။

ပူပြင်းတဲ့ ရာသီဥတုကြောင့် ခြေထောက်လှောင်ပိတ်တဲ့ ဖိနပ်များ ဝတ်ဆင်ခြင်းမှရှောင်ပါ။ လေနဲ့ထိတွေ့ပြီး သက်သောင့်သက်သာ ဖြစ်စေမယ့် ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ ရေကို များများသောက်ပေးပါ (တစ်နေ့ကို အနည်းဆုံး ရေ ၁၅ ခွက်သောက်ပါ)။

- Shopee အကြောင်းပိုမိုသိရှိလိုပါက ယခုလင့်အား နှိပ်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ