AD
AD
AD
play

 

ကိုလံဘီယာကမ်းခြေက သစ်တောတွေမှာ တွေ့ရတဲ့ ဖားမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ အရွယ်အစားက နှစ်လက်မရှိပြီး သေးသေးလေးဖြစ်ပေမဲ့ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးဖြစ်ပါတယ်။ ဒီလိုဖားတစ်ကောင် ကိုက်ခံရမယ်ဆိုရင် လူကြီးဆယ်ယောက်လောက်ဟာ သုံးမိနစ်တွင်း သေသွားနိုင်တယ်လို့ သိရပါတယ်။

play

 

 မြှားတံဖားလို့လည်း ခေါ်တဲ့ အဆိုပါဖားကို ယခင်က ဒေသခံတိုင်းရင်းသားတွေဟာ သားကောင်လိုက်တဲ့အခါ မြှားတံထိပ်ဖူးမှာ သုတ်တဲ့ အဆိပ်အဖြစ် သုံးကြတာဖြစ်ပါတယ်။

play

 

သူတို့ရဲ့ အရောင်ဟာ အဝါရောင်တောက်တောက်ဖြစ်ပြီး တစ်ခါတစ်ရံမှာ လိမ္မော်ရောင်၊ အစိမ်းဖြော့ဖြော့တွေလည်း တွေ့ရတတ်ပါတယ်။ အရောင်တောက်လေ အဆိပ်ပြင်းလေဖြစ်တာကို ၂၀၀၁ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှ တွေ့ရှိထားတယ်လို့လည်း သိရပါတယ်။

play

 

Photos & Source:  BBC, National Geographic, World Land Trust

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD