Lifestyle: ဝီစကီကို ဘယ်လိုသောက်မလဲ

ငှဲ့တဲ့အခါမှာ ခွက်အောက်ခြေက လက်နှစ်လုံးရောက်တဲ့ထိပဲ ထည့်သင့်ပါတယ်။

play

 

ခွက်

ပုံမှာပြထားတဲ့အတိုင်း အောက်ခြေပိုင်းလေးတဲ့ ခွက်တိုတိုကို ရွေးပါ။ ခွက်ထဲမှာ ကြာကြာထားသောက်မယ့် အဆင့်မြင့် ဝီစကီတွေအတွက်ကတော့ ရှည်တဲ့ခွက်မျိုးဆို ကောင်းပါတယ်။ အောက်ခြေမှာဝိုင်းပြီး အဝမှာ သွယ်သွားတဲ့ Tulip ခွက်မျိုးက သင့်လျော်ပါတယ်။ ဒီခွက်နှစ်မျိုးက ဝီစကီသောက်ဖို့ အသင့်လျော်ဆုံးဖြစ်ပါတယ်။

play

 

ငှဲ့တဲ့အခါ

play

 

ငှဲ့တဲ့အခါမှာ ခွက်အောက်ခြေက လက်နှစ်လုံးရောက်တဲ့ထိပဲ ထည့်သင့်ပါတယ်။

ရေခဲ

play

 

အေးစက်သွားတဲ့အခါ ဝီစကီဟာ အနည်းငယ်လောက် ထုံပြင်းပြင်း ဖြစ်သွားပါတယ်။ ဒါကြောင့် ဝီစကီသမားအစစ်တွေဟာ ရေခဲထည့်လေ့မရှိပါဘူး။ ထည့်လည်း တစ်တုံးလောက်ထက် မပိုပါဘူး။

ရေ

play

 

ရေကတော့ သင့်အပေါ်မူတည်ပါတယ်။ ဝီစကီသမားအချို့က ရေခဲတုံးတွေ၊ ရေတွေမထည့်ခင် နည်းနည်းလောက် ထိတယ်ဆိုရုံလေး မြည်းကြည့်တတ်ပါတယ်။ နောက်တော့ သူတို့ သဘောတွေ့သလောက် ရေတွေ၊ ရေခဲတုံးတွေ ရောစပ် ပါတယ်။ ဝီစကီကို neat သောက်တယ်ဆိုတာကတော့ ရေခဲတုံးတွေ ရေတွေ မပါဘဲ သောက်တာဖြစ်ပါတယ်။ ရေရောရင် ရေသန့်ဘူးထဲက ရေနဲ့ရောတာက အကောင်းဆုံးပါ။

အနံ့

play

 

တကယ်ကောင်းတဲ့ ဝီစကီစစ်စစ်ဆိုရင် အနံ့ကိုလည်း အရသာခံဖို့ မမေ့သင့်ပါဘူး။ တစ်ခါတည်း ခွက်ကို မော့ပြီး မျိုချတဲ့နည်းဟာ ဝီစကီနဲ့ လုံးဝ မအပ်စပ်ပါဘူး။  ပါးစပ်ထဲက ဝီစကီနံ့သင်းသင်းကို ခံစားရင်း ပူဆင်းသွားတဲ့ အရသာမျိုးကို ခံစားသောက်မှ ဝီစကီရဲ့ အနှစ်သာရကို အပြည့်အဝရမှာ ဖြစ်ပါတယ်။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ