Lifestyle: မြေအောက်ဆားတွင်းက ရင်သပ်ရှုမောဖွယ် အပန်းဖြေစခန်း

ဒစ္စနေဥယျာဉ်ကို မေ့လိုက်လို့ရပါပြီ။

play

 

ရိုမေးနီးယားနိုင်ငံက ဆားထုတ်လုပ်ရေးမိုင်းတွင်းတစ်ခုကို အပန်းဖြေစခန်းအဖြစ် တည်ဆောက်လိုက်တဲ့အခါ ထင်မှတ်မထားလောက်အောင်ပဲ ပြောင်းလဲသွားခဲ့ပါတယ်။ နံရံမှာ မြင်နေရတဲ့ ဆားပွင့်တွေက တိမ်တွေလိုဖြစ်သွားပြီး ဆန်းပြားတဲ့ ကစားစရာတွေက စိတ်ကို လန်းဆန်းစေပါလိမ့်မယ်။

play

 

မြေပြင်အောက် ပေ ၄၀၀ အနက်မှာ တည်ရှိတဲ့ ရူးလ်ဒေါ့ဖ် (Rudolf) ဆားတွင်းကြီးကို အပန်းဖြေစခန်းတည်ဆောက်လိုက်တာပါ။ အဆိုပါနေရာကို နှစ်စဉ် လူပေါင်း ၆၀၀,၀၀၀ လောက် လာရောက်အပန်းဖြေကြတယ်လို့ သိရပါတယ်။

play

play

 

အနက် ၁၃၇ ပေ၊ အကျယ် ၁၉၆ ပေ နဲ့  ၂၆၂ ပေ ရှည်လျားတဲ့ ရူးလ်ဒေါ့ဖ်ဆားတွင်းကြီးမှာ ထိုင်ခုံ ၁၈၀ ဆံ့ ပြဇာတ်ရုံတစ်ရုံလည်းရှိပြီး ဂေါက်ကွင်းငယ်လေးလည်းပါဝင်ပါတယ်။ ဘိုးလင်းဆော့ကစားနိုင်မယ့် နေရာတွေလည်း ပြုလုပ်ပေးထားသလို အပျော်တမ်းလှေစီးဖို့လည်း ရေကန်တစ်ခု ဖန်တီးပေးထားပြန်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ