Lifestyle: သီလရှင်သရဲခြောက်တဲ့ ဘုန်းတော်ကြီးအိမ်

အက်ဆက်စီရင်စုမှာရှိတဲ့ Borley ဘုန်းတော်ကြီးအိမ်ဟာ အင်္ဂလန်ရဲ့ သရဲအခြောက်ဆုံးအိမ်အဖြစ် နာမည်ကြီးပါတယ်။

play

 

Borley အိမ်ကြီးကို တည်ဆောက်ပြီးစအချိန်ကတည်းက သရဲတွေရှိတယ်လို့ ယုံကြည်ထားကြပါတယ်။ ခရစ္စယာန်ဘုန်းတော်ကြီး ဟင်နရီဘူးလ်နဲ့ မိသားစုနေထိုင်တဲ့ အဲဒီအိမ်ကို ရှေးဘုန်းကြီးကျောင်း နေရာဟောင်းမှာ  တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာ ဝမ်းနည်းပူဆွေးနေတဲ့ သီလရှင်တစ်ပါးက ခြောက်လှန့်ခဲ့တာပါ။

ဘုန်းတော်ကြီးတစ်ပါးနဲ့ အချစ်ဇာတ်လမ်းခင်းခဲ့တဲ့ အဲဒီသီလရှင်ကို နံရံတစ်ခုထဲမှာ ပိတ်ပြီး သတ်ခဲ့ပြီးတဲ့နောက် သရဲခြောက်တဲ့ဇာတ်လမ်း စတင်ခဲ့ပါတော့တယ်။ သူမဟာ လျှောက်သွားနေပြီး နေ့ခင်းကြောင်တောင်မှာတောင် ဘူးလ်ရဲ့သမီးတွေက မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

play

ဘူးလ်ဆုံးသွားပြီးတဲ့နောက် ဘုန်းတော်ကြီး အဲရစ်ဆမစ်နဲ့ ဇနီးဟာ အဲဒီစံအိမ်ကြီးကို ၁၉၂၀ ပြည့်နှစ်များ နှောင်းပိုင်းမှာ ပြောင်းလာခဲ့ပါတယ်။ မကြာခင်မှာပဲ အိမ်စေတွေကိုခေါ်တဲ့ ခေါင်းလောင်းတွေက အလိုအလျောက် မြည်တာ၊ ခြေသံတွေ ကြားရတာ စတဲ့ ချောက်ချားဖွယ် ဖြစ်ရပ်တွေ အများကြီးဖြစ်တယ်လို့ စမစ်တို့လင်မယားက ဆိုပါတယ်။ သူတို့က သဘာဝလွန်သုတေသီတစ်ဦးဖြစ်တဲ့ ဟယ်ရီပရိုက်စ်ကို ခေါ်ပြီး စစ်ဆေးခိုင်းခဲ့တယ်။ မကြာခင်မှာပဲ ပုဏ္ဏကတိုက်တော့ပါပဲ။ သည်းမခံနိုင်တဲ့အဆုံး စမစ်တို့လင်မယားဟာ ၂ နှစ်တာ နေထိုင်ပြီး အဲဒီအိမ်ကနေ ဆင်းပြေးကြတယ်။

play
ဟယ်ရီပရိုက်စ်နဲ့ ဖွိုင်စတားမိသားစု

 

အဲဒီနောက် ဘုန်းတော်ကြီး လိုင်ယွန်နယ်ဖွိုင်စတားနဲ့ သူ့မိသားစု ပြောင်းလာတယ်။ သရဲကတော့ ခြောက်နေတုန်းပဲ။ ဘုန်းတော်ကြီးရဲ့ဇနီး မာရီရာနီက သရဲကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ရတဲ့အထိ ဖြစ်ကုန်တယ်။ ဒါပေမဲ့ ကြောက်စရာအကောင်းဆုံးက မာရီရာနီရဲ့နာမည်ကို ရေးလာတာပဲ။ အဲဒီအိမ်ကြီးရဲ့ နံရံတွေမှာ စာတွေပေါ်လာတယ်။ စာတစ်ခုမှာဆိုရင် "မာရီရာနီ..အကူအညီရှာပါ" လို့ ရေးထားတယ်။

၁၉၃၅ ခုနှစ်မှာ ဖွိုင်စတားမိသားစုဟာ အဲဒီအိမ်ကြီးကနေ ပြောင်းပြေးခဲ့ကြပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ