Lifestyle: ကမ္ဘာတစ်ဝန်းမှ ခမ်းနားကြီးကျယ်တဲ့ ပြတိုက်များ

ဗိသုကာလက်ရာကောင်းတွေနဲ့ တည်ဆောက်ထားသော ကမ္ဘာတစ်ဝန်းမှ ခမ်းနားကြီးကျယ်တဲ့ ပြတိုက်အဆောက်အအုံတွေ ဖြစ်ပါတယ်။

Musee d’Orsay (ပြင်သစ်)

play


၁၉၈၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ မှန်ချပ်အမိုးတွေနဲ့ တည်ဆောက်ထားတာကြောင့် အလင်းရောင် ကောင်းမွန်စွာရပါတယ်။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂၀ ရာစုအစောပိုင်း အနုပညာလက်ရာတွေကို စုစည်းထားပါတယ်။

Guggenheim (စပိန်)

play

၁၉၉၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ပြတိုက်ဖြစ်ပါတယ်။ အမေရိကန် ဗိသုကာပညာရှင် ဖရန့်ဂီရိုင်ရဲ့ ဗိသုကာလက်ရာ ထူးခြားတဲ့ ဗိသုကာလက်ရာကို မြင်တွေ့ရမှာပါ။

Oscar Niemeyer Museum (ဘရာဇီး)

play


၂၀၀၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဘရာဇီးရဲ့ ဂန္တဝင်ဗိသုကာပညာရှင်က တည်ဆောက်ခဲ့ပြီး ၎င်းရဲ့အမည်ကို ပြတိုက်အမည်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပြတိုက်တည်ဆောက်မှု ပြီးစီးချိန်မှာ ၎င်းရဲ့ အသက်က ၉၅ နှစ်ရှိပြီ ဖြစ်ပါတယ်။ ၂,၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ ပြတိုက်မှာ နိုင်ငံတကာမှ အနုပညာလက်ရာတွေနဲ့ ပြတိုက်တည်ဆောက်မှု အော်စကာ နီမီယာရဲ့ အနုပညာလက်ရာတွေ စုဆောင်းပြသထားပါတယ်။

British Museum (လန်ဒန်)

play


ဗိသုကာပညာရှင် ရောဘတ် ဆမာကီက ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၈၅၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ သက်တမ်း အလွန်ရှည်ကြာတဲ့ ပြတိုက်ဖြစ်ပါတယ်။ ရှေးဟောင်းဂရိလက်ရာကို အခြေခံပြီး ဒီဇိုင်းရေးဆွဲထားပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ မှန်အမိုး အပါအဝင် ပြတိုက်ကို မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Royal Ontario Museum (ကနေဒါ)

play


ကနေဒါရဲ့ အကြီးဆုံး သဘာဝသမိုင်း၊ အနုပညာနဲ့ ယဉ်ကျေးမှု ပြတိုက်ဖြစ်ပါတယ်။ ပစ္စည်းပေါင်း ၆ သန်းကျော်ကို စုဆောင်းပြသထားပါတယ်။ ၂၀ ရာစုလက်ရာ အဆောက်အအုံဖြစ်ပြီး ပြတိုက်ဝင်ပေါက်ကို ဒီဇိုင်းသစ်ဖြင့် ပြန်လည်ပြင်ဆင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

Museo Soumaya (မက္ကစီကို)

play


၂၀၁၁ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ မက္ကစီကို ဗိသုကာပညာရှင် ဖန်နန်ဒို ရိုမီယို ဒီဇိုင်းရေးဆွဲခဲ့တဲ့ အဆောက်အအုံ ဖြစ်ပါတယ်။ ဆဋ္ဌဂံပုံစံ အလူမီနီယံ အပြားပေါင်း ၁၆,၀၀၀ ဖြင့် အလှဆင်ထားပါတယ်။

Hermitage Museum (ရုရှား)

play


ကမ္ဘာ့အကြီးမားဆုံးနဲ့ ရှေးအကျဆုံး ပြတိုက်တစ်ခု ဖြစ်ပါတယ်။ ၁၇၆၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အနုပညာနဲ့ ယဉ်ကျေးမှုလက်ရာပေါင်း သုံးသန်းကို စုဆောင်းပြသထားပါတယ်။

Museum of Islamic Art (ကာတာ)

play


ကာတာနိုင်ငံမှာ ၂၀၀၈ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့  ပြတိုက်ပါ။ ဆုရ ဗိသုကာပညာရှင်ရဲ့ လက်ရာဖြစ်ပါတယ်။ ပြတိုက်တည်ဆောက်ဖို့အတွက် အာရပ်နိုင်ငံတွေကို ၆ လကြာ ခရီးထွက်ပြီး စိတ်ကူးစိတ်သန်း ရယူခဲ့ပါတယ်။ အထပ်ငါးထပ် ပါဝင်တဲ့ ပြတိုက်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၄၀၀ ကျော်က အစ္စလာမ်နဲ့ ပတ်သက်တဲ့ ရှေးဟောင်းပစ္စည်းတွေကို စုဆောင်းပြသထားပါတယ်။

Vatican Museums (အီတလီ)

play


၁၆ ရာစုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ပြတိုက်ဖြစ်ပြီး ပြခန်းပေါင်း ၅၂ ခန်း စုစည်းပါဝင်ပါတယ်။ ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ပြတိုက်တစ်ခု ဖြစ်ပါတယ်။

National Museum of Art (ဂျပန်)

play


၁၉၇၀ ခုနှစ်မှာ မူလ အဆောက်အအုံကို ဖြိုချပြီး အသစ် ပြန်လည်တည်ဆောက်ကာ ၂၀၀၄ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ မှန်နဲ့စတီးလက်ရန်းတွေ အသုံးပြုကာ ထူးခြားတဲ့ ဗိသုကာဒီဇိုင်းဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ