Lifestyle: အိပ်ရာမဝင်မီ ရှောင်ကြဉ်သင့်တဲ့အရာ (၇) ခု

ကျန်းမာတဲ့ကိုယ်ခန္ဓာကို ရရှိမှ ပျော်ရွှင်တဲ့ လူနေမှုဘဝကိုပါ ပိုင်ဆိုင်နိုင်မှာပါ။ ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဂရုစိုက်ရမယ့်အရာတွေထဲမှာ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့အလေ့အထတွေလည်း ပါဝင်ပါတယ်။

play

 

နယူးယော့ခ်က အိပ်စက်ခြင်းဆိုင်ရာ သုတေသီတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက ညအိပ်ယာမဝင်မီမှာ ရှောင်ကြဉ်သင့်တဲ့အရာတွေကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါမှသာ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ပြီး လိုအပ်တဲ့အနားယူမှုနဲ့ ခွန်အားကို ရရှိနိုင်မှာဖြစ်ပါတယ်။ ည အိပ်မပျော်လို့ အိပ်ယာထဲမှာ အချိန်အတော်ကြာ လူးလွန့်နေရတာမျိုးနဲ့ မနက်မိုးလင်းသည့်တိုင် အိပ်ရေးမဝလို့ နွမ်းနယ်ပင်ပန်းနေတာမျိုး မဖြစ်ရအောင် ဒါတွေကို သတိပြုရမှာပါ။

play

 

၁။ လေ့ကျင့်ခန်း

ညမအိပ်မီ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့။

၂။ အစားများများစားတာ

အိပ်ခါနီးမှာ အသားတွေနဲ့ အစားများများစားတာတွေလည်း ရှောင်ကြဉ်သင့်ပါတယ်။ ညစာက နောက်ကျလွန်းတယ်ဆိုရင်တောင် အိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီကွာပါစေ။

play

 

၃။ အလုပ်တွေ

မအိပ်ခင် နာရီပိုင်းအလိုမှာ အီးမေးလ်စစ်တာတွေလုပ်ပါ။ အလုပ်ကိစ္စတွေကို အိပ်ယာဝင်ခါနီးမှ ကပ်ပြီးလုပ်ရင် အိပ်မပျော်နိုင်ဘဲ ဖြစ်ရပါလိမ့်မယ်။ အိပ်ယာပေါ်ရောက်မှ ဖုန်းထုတ်ပြီး ဖေ့စ်ဘွတ်ကြည့်ရင်း အိပ်ယာဝင်ချိန်တွေ နောက်ကျခြင်းက နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးပါ။

၎။ စိတ်ဖိစီးမှုဖြစ်စေမယ့်ဇာတ်လမ်းတွေ

စိတ်ညစ်စရာ ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေ မကြည့်ပါနဲ့။ ဝမ်းနည်းစရာ၊ ကြောက်လန့်စရာ ရုပ်ရှင်တွေ ကြည့်ပြီးရင် ခေါင်းထဲမှာစွဲသွားတာကြောင့် အိပ်မပျော်ဘဲ အတွေးလွန်မိနိုင်ပါတယ်။

play

 

၅။ အယ်လ်ကိုဟော (အရက်)

မူးအောင်မသောက်ပါနဲ့။ မူးပြီးမှောက်သွားတာက ကောင်းမွန်တဲ့အိပ်စက်ခြင်း မဟုတ်ပါဘူး။ မရှောင်နိုင်လို့ သောက်မယ်ဆိုရင်တောင်မှ ဆေးဖြစ်ဝါးဖြစ်ထက်တော့ မပိုပါနဲ့။ ဆေးဖြစ်ဝါးဖြစ်ပမာဏဆိုတာလည်း မူးပြီးမှောက်တဲ့ ပမာဏ မဟုတ်ဘူးလေ။

၆။ ကဖင်း

ကဖင်းဓာတ်လည်း အတူတူပါပဲ။ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်နဲ့ ကိုလာ အပါအဝင် ကဖင်းဓာတ်ပါတာတွေက အာရုံကြောတွေကို လန်းဆန်းနေစေလို့ တော်တော်နဲ့ အိပ်မပျော်တော့ပါဘူး။

play

 

၇။ မီးတွေပိတ်ပါ

တကယ်တော့ မီးထွန်းပြီး အိပ်တယ်ဆိုတာ သိပ်ကောင်းတဲ့အချက် မဟုတ်ပါဘူး။ အလင်းတွေရှိနေခြင်းက အိပ်စက်ဖို့နှောင့်နှေးစေပါတယ်။ မီးတွေပိတ်ပြီး အိပ်တာကမှ ပိုပြီးကောင်းတဲ့ အိပ်စက်မှုကို ရရှိစေမှာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ