Lifestyle: အမျိုးသားတွေအတွက် အထူးကောင်းမွန်တဲ့ အစားအစာ (၄) မျိုး

ပဲနီလေးမှာ အမျိုးသားတွေအတွက် လိုအပ်နေတဲ့ အမျှင်ဓာတ်တွေ၊ ပိုတက်ဆီယံတွေလည်း ပါဝင်ပါတယ်။

play

 

၁ - အာလူး

အာလူးမှာ ပိုတက်ဆီယံဓာတ်ကြွယ်ဝပါတယ်။ ကြွက်သားတွေရှုံ့ခြင်း တင်းခြင်းအတွက် အကူအညီပေးပြီး သွေးပေါင်ချိန်ကို ထိန်းချုပ်ရာမှာ ပိုတက်ဆီယံက အဓိက ကျပါတယ်။ အမျိုးသားတိုင်းဟာ နေ့စဉ် ပိုတက်ဆီယံဓာတ် ၄၇၀၀ မီလီဂရမ်လောက်လိုပါတယ်။

၂ - ပဲနီလေး

play

 

ပဲနီလေးဟာ ကယ်လိုရီနဲ့ အဆီနည်းပြီး ပရိုတင်းကတော့ အလွန်ကြွယ်ဝပါတယ်။ အမျိုးသားအများစု လိုအပ်နေတဲ့ အမျှင်ဓာတ်တွေ၊ ပိုတက်ဆီယံတွေလည်း ပါဝင်ပါတယ်။ ပဲနီလေး တစ်ပတ် လေးခါနဲ့ လေးခါအထက်စားသူတွေဟာ သာမန်လူတွေထက် နှလုံးရောဂါဖြစ်ခြင်းကို ၂၂ ရာခိုင်နှုန်းလျှော့ချပေးတယ်လို့ သုတေသနတစ်ခုက တွေ့ရှိထားပါတယ်။

၃ - ဖရဲသီး

play

 

ဖရဲသီးတစ်စိပ်လောက်တော့ အမျိုးသားတွေဟာ နေ့စဉ်စားပေးသင့်ပါတယ်။ ဖရဲသီးမှာ လိုက်ကိုပင်း ဓာတ် အထူးကြွယ်ဝပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ နေရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးမှုတွေကိုလည်း ဖရဲသီးက ကာကွယ်ပေးတာကြောင့် အသားအရေထိန်းသိမ်းမှုကို သီးသန့်ကြီးမလုပ်တဲ့ ယောက်ျားလေးတွေ စားပေးသင့်တာ ဖြစ်ပါတယ်။

၎ - ချောကလက်

play

 

ချောကလက်ထဲမှာ အရောင်နက်နက် ချောကလက်တွေကိုသာ စားပေးသင့်ပါတယ်။ ချောကလက်ဟာ သွေးစီးဆင်းမှုကိုကောင်းစေပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေတွေကိုလည်း လျှော့ချပေးတယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။ ခါးသက်သက် ချောကလက်နက်နက်တွေကိုပဲ စားသင့်တာ ဖြစ်ပါတယ်။

Photos & Source: WebMD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ