Lifestyle: ဆုံးရှုံးသွားတဲ့ လူ့ခန္ဓာကိုယ်အင်္ဂါများ အလိုအလျောက် ပြန်ဖွံ့ဖြိုးလာမယ့် နည်းပညာကို တွေ့ရှိထား

နည်းပညာအကြောင်းကို Proceedings of the National Academy of Sciences ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

play

 

အိမ်မြှောင်တွေ အမြီးပြတ်တဲ့ အခါ ပြန်လည်ဖွံ့ဖြိုးလာသလိုမျိုး လူခန္ဓာကိုယ်အင်္ဂါတွေပျက်စီးသွားတဲ့အခါ ပြန်လည်ဖွံ့ဖြိုးလာမယ့် စတမ်းဆဲလ် နည်းပညာတစ်ခုကို ပညာရှင်အဖွဲ့တစ်ဖွဲ့က တွေ့ရှိထားတယ်လို့ သိရပါတယ်။

 Daily Mail ရဲ့ဖော်ပြချက်အရ အဆိုပါအဖွဲ့ဟာ  New South Wales တက္ကသိုလ်က ဖြစ်ပြီး iMS လို့ခေါ်တဲ့ ဆဲလ်တစ်မျိုး ထုတ်လုပ်တဲ့နည်းကို အဆိုပါအဖွဲ့က ပြသခဲ့ပါတယ်။ iMS ဆဲလ်ကို သုံးပြီး အရိုးတွေ၊ ကြွက်သားတွေကို ဆက်ပေးစရာမလိုဘဲ သူ့အလိုအလျောက် ပြန်လည်ဖွံ့ဖြိုးအောင် ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နည်းပညာကို စမ်းသပ်နေဆဲဖြစ်ပြီး လူသားမှာတော့ ၂၀၁၇ ခုနှစ် နှောင်းပိုင်းလောက်မှ စမ်းသပ်နိုင်မယ်လို့ သိရပါတယ်။ ယခင်က ဒီလိုအသုံးပြုလို့ရနိုင်တဲ့ ဆဲလ်နှစ်မျိုးတွေ့ရှိထားပေမဲ့ ဒီဆဲလ်နှစ်ခုစလုံးဟာ ကင်ဆာဖြစ်ပွားနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။ iMS ဆဲလ်သုံးမယ့် နည်းပညာအကြောင်းကို Proceedings of the National Academy of Sciences ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ