Lifestyle: ဂျပန်လူမျိုးတွေရဲ့ အမျိုးသားလိင်အင်္ဂါ ပူဇော်ပွဲ

ဒီသတင်းကို ကြားရခါစမှာ မျက်လုံးတွေပြူးကျယ်သွားခဲ့ပေမဲ့ ဒါက သူတို့ရိုးရာပါတဲ့။

play

 

ဂျပန်နိုင်ငံသားတွေမှာ ထူးထူးဆန်းဆန်း ပွဲတော်တစ်ခု ပြုလုပ်လေ့ရှိပါတယ်။ Shinto Kanamara Matsuri ဆိုတဲ့ ပွဲတော်ကို လွန်ခဲ့တဲ့ နှစ်များစွာကတည်းက စတင်ကျင်းပလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်လေးဆယ်အတွင်းမှာ စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။

play

 

ဒီပွဲတော်မှာ အမျိုးသားလိင်အင်္ဂါကို ပူဇော်ပသကြပါတယ်။ ပွဲတော်ကိုတော့ ကာဝါစာကီမြို့မှာ ပြုလုပ်ခဲ့ပြီး လူပေါင်းသောင်းချီ တက်ရောက်လာကြတာ တွေ့ရပါတယ်။ ဒီအရာကို ပူဇော်ကန်တော့ခြင်းကြောင့် ကံကောင်းခြင်းကို ရရှိစေပြီး ကာကွယ်စောင့်ရှောက်မှုတွေ ပေးတယ်လို့လည်း ကိုးကွယ်သူတွေက ယုံကြည်ကြပါတယ်။

play

 

play
လိင်တံပုံ ပြုလုပ်ထားတဲ့ သကြားလုံးတွေကို စားသုံးနေကြတဲ့ နိုင်ငံခြားသူနှစ်ဦး

 

ပွဲတော်ကို အမျိုးသားတွေသာမက အမျိုးသမီးတွေလည်း တက်ရောက်ကြပြီး နိုင်ငံခြားသားတွေကလည်း လာရောက်လေ့လာလေ့ရှိပါတယ်။ ဒီပွဲတော်ကို နှစ်စဉ် ဧပြီလရဲ့ ပထဆုံးတနင်္ဂနွေမှာ ကျင်းပလေ့ရှိပြီး ခရီးသွားတွေကို အထူးဆွဲဆောင်နိုင်တဲ့ ပွဲတော်လည်း ဖြစ်လာပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ