Lifestyle: အပင်တွေကြီးထွားမှုကို နှစ်ဆမြန်လာစေမယ့် လေဆာနည်းပညာ

, updated

အသုံးပြုတဲ့ လေဆာပစ္စည်းတွေဟာလည်း ဈေးမကြီးပါဘူး။

play

 

လေဆာစနစ်အသုံးပြုပြီး အပင်တွေရဲ့ကြီးထွားမှုနှုန်းကို နှစ်ဆမြန်လာစေမယ့် နည်းပညာကို ရုရှားသိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

play

 

Daily Mail ရဲ့ ဖော်ပြချက်အရ ရုရှားနိုင်ငံ  Michurinsk State စိုက်ပျိုးရေးတက္ကသိုလ်က တီထွင်ခဲ့တာဖြစ်ပြီး အဆိုပါနည်းပညာကိုအသုံးပြုမယ်ဆိုရင် ပိုးသတ်ဆေးလည်း အသုံးပြုစရာ မလိုဘူးလို့ သိရပါတယ်။ အပင်တွေရဲ့ ကြီးထွားမှုနှုန်းကို မြင့်မာစေပြီး ပိုးတွေ သေစေဖို့အတွက် အသုံးပြုမယ့်လေဆာကိရိယာဟာ ဖန်လုံအိမ်ထဲမှာစိုက်ပျိုးထားတဲ့ အပင်တွေကြား ရွေ့လျားသွားလာမှာဖြစ်ပါတယ်။

play

 

တီထွင်သူတွေရဲ့ ပြောကြားချက်အရ အသုံးပြုတဲ့ လေဆာပစ္စည်းတွေဟာ ဈေးမကြီးဘဲ အာလူး၊ သခွားသီးနဲ့ မုန်လာဥနီ စတဲ့စိုက်ပျိုးပင်တွေမှာ အသုံးပြုနိုင်တာဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ