Lifestyle: မှတ်ဉာဏ် ပိုကောင်းလာစေမယ့် နည်းလမ်း (၁၀) ခု

, updated

မှတ်ဉာဏ်ပိုကောင်းလာအောင် လေ့ကျင့်ယူလို့ ရပါတယ်။

play

 

ခွေးအိုတစ်ကောင်ကို ဆော့ကစားနည်း အသစ် သင်ပေးလို့ မရတော့ဘူးဆိုတဲ့ စကားရှိပါတယ်။ လူသားတွေကတော့ ဒီလိုမဟုတ်ပါဘူး။

အထူးသဖြင့် လူသားတွေရဲ့ ဦးနှောက်မှတ်ဉာဏ်ဟာ အမြဲပြုပြင်ပြောင်းလဲ လို့တဲ့ အရာဖြစ်ပါတယ်။ မှတ်ဉာဏ်ကို တိုးတက်အောင် လေ့ကျင့်ယူလို့ရတဲ့ နည်းလမ်းတစ်ချို့ရှိပါတယ်။

၁။ အစားအသောက် ဂရုစိုက်

play

 

အိုမီဂါ-၃ ဓာတ်ပါတဲ့ ပင်လယ်ငါးမျိုး အစာမျိုးတွေနဲ့ ဟင်းသီးဟင်းရွက်တွေစားပါ။ ကာဗွန်ဟိုက်ဒရိတ်ဓာတ်တွေနဲ့ သကြား ဓာတ် မလွန်ကဲအောင် ရှောင်ပါ။

၂။ ဦးနှောက်မှတ်ဉာဏ်ကို အလုပ်ပေးပါ

အားတဲ့ အချိန်တွေမှာ ပုစ္ဆာတစ်ခုကို အဖြေရှာတာမျိုး ဖြစ်ဖြစ်၊ ဉာဏ်စမ်းမေးခွန်းတွေ ကစားတာဖြစ်ဖြစ် လုပ်ပေးပါ။

၃။ ကာယလေ့ကျင့်ခန်း လုပ်ပါ

မှတ်ဉာဏ်အားကောင်းလာစေဖို့ ကိုယ်လက်လှုပ်ရှားမှုလည်း လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားတဲ့အခါ ကိုယ်ထဲမှာ အောက်ဆီဂျင်ဓာတ်များလာပြီး ဦးနှောက်အတွက် ကောင်းပါတယ်။

၎။ အိပ်ရေးဝအောင် အိပ်

မှတ်ဉာဏ်အားကောင်းစေဖို့ အိပ်ရေးဝဖို့လည်း လိုအပ်ပါတယ်။ အိပ်ရေးခဏခဏ ပျက်တာမျိုးတွေ ရှောင်ပါ။

၅။ ဖိအားတွေ ရှောင်

play

 

တတ်နိုင်သလောက် စိတ်ညစ်စရာတွေ မတွေးပါနဲ့။ ဖိအားတွေ ဖြစ်မလာအောင် ဂရုစိုက်ပါ။ ဖိအားတွေ များခြင်းဟာ စိတ်ခံစားမှု များစေပြီး ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေပါတယ်။

၆။ တစ်ပြိုင်တည်း နှစ်ခုလုပ်ခြင်း

တစ်ပြိုင်တည်း နှစ်ခုလုပ်တာမျိုးတွေရှောင်ပါ။ တစ်ကြိမ်မှာ တစ်ခုပဲ လုပ်ပြီး အကောင်းဆုံးသာလုပ်ပါ။ အဲဒါက အမှားပိုနည်းစေပါတယ်။

၇။ အသစ်တွေ လေ့လာပါ

ကိုယ်မတတ်သေးတဲ့ ပညာအသစ်တစ်ခုခုကို လေ့လာပါ။ ဂစ်တာတီးတာဖြစ်ဖြစ်၊ ဘာသာစကား အသစ်တစ်ခုခု ဖြစ်ဖြစ် လေ့လာနေပါ။

၈။ ရယ်မောပါ

play

 

ရယ်မောခြင်းဟာ ဆိုးကျိုးမရှိပါဘူး။ ကျန်းမာရေးအတွက်လည်း ရယ်မောခြင်းက အကောင်းဆုံး ဆေးတစ်ခွက်ပါ။ ရယ်မောခြင်းဖြင့် ဦးနှောက်ရည် အလုပ်လုပ်နိုင်မှု စွမ်းရည် ပိုကောင်းလာစေပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ