Lifestyle: နေရောင်ခြည်အတောက်ပဆုံး မြို့များ

တစ်နေ့တာအချိန်ရဲ့ ၉၀ ရာခိုင်နှုန်းကျော် နေရောင်ခြည် တောက်ပနေတတ်တဲ့ မြို့တွေဖြစ်ပါတယ်။

play


ကမ္ဘာပေါ်မှာ နေရောင်ခြည် အတောက်ပဆုံး မြို့ငါးမြို့ ဖြစ်ပါတယ်။ ဒီမြို့တွေမှာ တစ်နေ့တာအချိန်ရဲ့ ၉၀ ရာခိုင်နှုန်းကျော် နေရောင်ခြည် တောက်ပနေတတ်ပါတယ်။ မြို့ခံတွေက နေရောင်ခြည် အတောက်ပဆုံးဖြစ်တဲ့ သူတိုမြို့တွေမှာ နေထိုင်ရခြင်းအပေါ် ကျေနပ်ဂုဏ်ယူနေပါတယ်။

ဖီးနစ်မြို့ (အမေရိကန်)

play


အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ်ရှိ ဖီးနစ်မြို့ဟာ ကမ္ဘာ့မြို့တွေအနက် နေရောင်ကို မြင်တွေ့ရမှု ပိုများတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ လှပတဲ့ နေဝင်ချိန်၊ နေချင်စဖွယ် ဆောင်းရာသီ၊ အရသာထူးခြားတဲ့ မက္ကစီကန်အစားအစာ၊ ဖော်ရွေတဲ့ ဒေသခံတွေနဲ့ ဈေးသိပ်မကြီးလှတဲ့ လူနေမှုစရိတ်တို့က ဖီးနစ်မြို့မှာပဲ ရှိနိုင်ပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါဝင်မြို့ (သြစတြေးလျ)

play


သြစတြေးလျနိုင်ငံက နေရောင်ခြည်တောက်ပတဲ့ မြို့တွေကို နိုင်ငံမြောက်ပိုင်းဒေသမှာ အများဆုံး တွေ့ရပါတယ်။ အဆိုပါ ဒေသမှာရှိတဲ့ ဒါဝင်မြို့ဟာ နှစ်စဉ် နေရောင်ခြည် ရရှိချိန် နာရီပေါင်း ၃,၀၉၇ နာရီ ရှိပါတယ်။

နစ်ဇွာမြို့ (အိုမန်)

play

 

အိုမန်နိုင်ငံ နစ်ဇွာမြို့က အာရေဗျကျွန်းဆွယ် အရှေ့ဘက်မှာ တည်ရှိပြီး နေရောင်ခြည် အတောက်ပဆုံး မြို့ဖြစ်ပါတယ်။

အမန်မြို့ (ဂျော်ဒန်)

play


ဂျော်ဒန်နိုင်ငံ အမန်မြို့က ဆောင်းရာသီ အလယ်ကာလမှာပင် အပူချိန် ထိုက်သင့်သလောက် ရှိနေပြီး နေရောင်ခြည် တောက်ပတဲ့ မြို့ဖြစ်ပါတယ်။

ဂျိုဟန်နက်စဘတ်မြို့ (တောင်အာဖရိက)

play


နေရောင်ခြည် တောက်ပတဲ့ ဂျိုဟန်နက်စဘတ်မြို့မှ မြို့သူမြို့သားတွေဟာ နေအိမ်အပြင်မှာ သွားလာလှုပ်ရှားရတာ သူတို့အတွက် အဆင်ပြေပါတယ်လို့ ဆိုကြပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ