Lifestyle: ဘီပိုးရှိသူ သုံးယောက်မှာ တစ်ယောက် ကင်ဆာဖြစ်နိုင်

ဘီပိုးရှိသူ သုံးယောက်မှာ တစ်ယောက်ဟာ အသည်းကင်ဆာဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ဘဲ ဘီပိုးစစ်ထားသင့်ပြီး ကာကွယ်ဆေးလည်း ထိုးထားသင့်ပါတယ်။

play

 

ဘီပိုးရှိသူတွေမှာ အသည်ကင်ဆာဖြစ်နိုင်ပြီး ဖြစ်ပွားမှုနှုန်းထားဟာ သုံးယောက်မှာ တစ်ယောက်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ အသက် ၃၀ ဝန်းကျင်အရွယ်တွေဟာ ကင်ဆာအဖြစ်များလာပြီး အကြောင်းအရင်းကို ကြည့်လိုက်ရင် ဘီပိုးကြောင့်ဖြစ်တာတွေ များတယ်လို့ 7Day Daily သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အသည်းရောင်အသားဝါ ဘီပိုးရှိနေသူဟာ ၃.၃ သန်းကျော်ရှိနေကြောင်း ၂၀၁၅ ခုနှစ်တွင်း ကျန်းမာရေးဝန်ကြီးဌာနက ကောက်ခံခဲ့တဲ့ စာရင်းတွေအရ သိရပါတယ်။ တချို့အရက်မသောက်သူတွေမှာလည်း တွေ့ရပြီး  လူတွေဟာ စီပိုးကို ပိုကြောက်ကြကာ ဘီပိုးကို ပေါ့ဆလေ့ရှိကြတယ်လို့ ဆရာဝန်ကြီးတစ်ဦးက ပြောကြားထားပါတယ်။ 

ဘီပိုးရှိသူ သုံးယောက်မှာ တစ်ယောက်ဟာ အသည်းကင်ဆာဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ဘဲ ဘီပိုးစစ်ထားသင့်ပြီး ကာကွယ်ဆေးလည်း ထိုးထားသင့်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ