Lifestyle: နွေရာသီမှာ ဒီအသီးတွေလည်း စားပေးသင့်

စောင်းလျားသီးဟာ ကယ်လိုရီနည်းပြီး ဗီတာမင်စီ ကြွယ်ဝပါတယ်။

play

 

၁ - မက်မွန်သီး

မက်မွန်သီးဟာ ဗီတာမင်စီ၊ဗီတာမင်အေတွေ ကြွယ်ဝတဲ့အသီး တစ်မျိုးဖြစ်ပါတယ်။ နွေရာသီလို အချိန်မျိုးမှာ အရသာ အလွန်ကောင်းမွန်ပါတယ်။ ကယ်လိုရီလည်း နည်းတာကြောင့် ခန္ဓာကိုယ်ဝိတ်ကို ထိန်းရာမှာလည်း အထောက်အကူဖြစ်ပါတယ်။

၂ - စောင်းလျားသီး

play

 

ကယ်လိုရီနည်းပြီး ဗီတာမင်စီ ကြွယ်ဝပါတယ်။ ဓာတ်တိုးပစ္စည်းတွေလည်း မြောက်များစွာ ပါဝင်ပါတယ်။ နွေရာသီမှာ စားပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

၃ - လိမ္မော်သီး

play

 

ပိုတက်ဆီယံ၊ ဗီတာမင်စီနဲ့ အခြားသဘာဝဓာတ်တွေ ကြွယ်ဝပါတယ်။ ပြင်းပြင်းထန်ထန် လှုပ်ရှားရတာကြောင့် ကြွက်သားတွေထိခိုက်တာကို ကာကွယ်ပေးပါတယ်။

၎ - ဖရဲသီး

play

 

ဖရဲသီးဟာ ရာသီပေါ်အသီးဖြစ်သလို နွေရာသီအတွက် အသင့်လျော်ဆုံးအသီး  ဖြစ်ပါတယ်။ ဖရဲသီးမှာ လိုင်ကိုပင်း(lycopene) ပါဝင်ပြီး နေရောင်ခြည်ကြောင့် အသားအရေပျက်စီးတာကို အထူးကာကွယ်ပေးပါတယ်။

နာနတ်သီး၊ သရက်သီး၊ ကီဝီသီး၊ မာလကာသီးနဲ့ သင်္ဘောသီးတွေဟာလည်း နွေရာသီမှာ စားသင့်တဲ့ အသီးတွေဖြစ်ပါတယ်။

Photos & Source: Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ