Lifestyle: လူတွေဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာလဲ

စက္ကန့် လေးဆယ်တိုင်းမှာ လူတစ်ယောက်နှုန်း ကိုယ့်ကိုယ်ကိုယ်သတ်သေနေပါတယ်။

play

 

၁ - ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာ

လူမျိုးတစ်မျိုး၊ ဒေသတစ်ခုမှာ အဖြစ်များတယ်ဆိုတာထက် ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဟာ တစ်ကမ္ဘာလုံးဖြစ်ပွားနေတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးနဲ့ပျမ်းမျှတွက်မယ်ဆိုရင် စက္ကန့် လေးဆယ်တိုင်းမှာ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေနေပါတယ်။

play

 

၂ - လူတွေဘာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတာလဲ

ကြောက်စရာကောင်းတဲ့အခြေအနေကို ကြုံရတာ၊ စိတ်ရောဂါဖြစ်တာ၊ အတွေးတွေ ချောင်ပိတ်မိတာ၊ လွှမ်းမိုးမှုခံရတာ၊ စတဲ့ပြင်းထန်တဲ့ စိတ်ခံစားချက်ဆိုင်ရာ နာကျင်မှုတွေကြောင့်ဖြစ်ပါတယ်။ သူတို့ဘဝနာကျင်မှုကို အဆုံးသတ်လိုက်ဖို့ တစ်ခုတည်းသော တုံ့ပြန်မှုက ကိုယ့်ကိုယ်ကိုယ်သတ်သေတာလို့ ခံစားရတာမျိုးဖြစ်ပါတယ်။

၃ - စိတ်ကျရောဂါ

ကိုယ့်ကိုယ်ကိုယ်သတ်သေမှုကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ စိတ်ကျမှုဟာ အဓိက အကြောင်းအရင်းအဖြစ် ရှိနေပါတယ်။ ပြင်းပြင်းထန်ထန် စိတ်ကျတဲ့အခါ လူဟာ ရွေးချယ်မှုမရှိဘဲ ပိတ်မိသွားတာ ဖြစ်ပါတယ်။

play

 

၎ - မှာခဲ့တာ မရှိ

ကိုယ့်ကိုယ်ကိုယ် သတ်သေသူအများစုဟာ တစ်ခုခုပြောခဲ့တဲ့ စာမျိုးတွေ မထားခဲ့ကြပါဘူး။

၅ - မသတ်မှတ်

အနောက်နိုင်ငံအချို့ဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာကို ပြစ်မှုမြောက်တယ်လို့ မသတ်မှတ်ထားပါဘူး။

၆ - သတ်သေမယ်လို့ တကယ်ပြောလာရင်

တစ်ယောက်ယောက်က ကိုယ့်ကိုယ်ကိုယ်သတ်သေမယ်လို့ ပြောလာရင် သင် အရင်ဆုံးလုပ်ရမှာက မလုပ်ဖို့ အတင်းတားရမှာမျိုး မဟုတ်ပါဘူး။ သူ ဘာတွေပြောမလဲ နားထောင်ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်သင့်တယ် ညာဖြစ်သင့်တယ် စတဲ့မှတ်ချက်တွေ မပေးပါနဲ့။ ပိတ်မိနေတဲ့ သူ့ခေါင်းထဲက အကြောင်းအရာတွေ အရင်ဆုံး အပြင်ကို ထွက်သွားအောင် နားထောင်ပေးရမှာ ဖြစ်ပါတယ်။

Photos & Source: Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ