Lifestyle: ကိုယ်အလေးချိန် တစ်ပေါင်တည်းနဲ့ မွေးလာပေမယ့် သေမင်းကိုအံတုခဲ့သူလေး

သူ့ရဲ့နှလုံးက သစ်ကြားသီးတစ်လုံးထက်တောင် သေးငယ်နေလို့ ခွဲစိတ်ခဲ့ရပြန်ပါသေးတယ်။

play

 

စကိုင်လာ ရော်ဘတ်ဆန်လေးကို မွေးဖွားလာစဉ်က ကိုယ်အလေးချိန် ၁ ပေါင်နဲ့ ၃ အောင်စသာရှိတာကြောင့် အသက်ရှင်ဖို့အခွင့်အလမ်း နည်းပါးလွန်းတယ်လို့ ဆရာဝန်တွေက သတိပေးခဲ့ပါတယ်။ အံသြစရာပါပဲ ခုတော့ သူကလေးက အသက် ၁ နှစ် ပြည့်လို့ မွေးနေ့တောင် ပြုလုပ်နိုင်ခဲ့ပါပြီ။

play

 

ဒီလောက်သေးငယ်တဲ့ ကိုယ်ခန္ဓာလေးကို နောက်ထပ်ခွဲစိတ်မှု ပြုလုပ်လိုက်ရပါသေးတယ်။ သူ့ရဲ့နှလုံးက သစ်ကြားသီးတစ်လုံးထက်တောင် သေးငယ်နေလို့ ဆရာဝန်က အထူးဂရုစိုက်ခွဲစိတ်ခဲ့ရတာပါ။ သူမ မွေးဖွားလာပြီး ၁၁၈ ရက်ကြာသည်ထိ ဆေးရုံ သုံးခုမှာ ကုသနေခဲ့ရပါတယ်။

play

 

ရှင်သန်ဖို့ ခက်ခဲလွန်းတဲ့ အခြေအနေတွေကို ကျော်ဖြတ်လာပြီးနောက်မှာ စကိုင်လာလေးဟာ သူမရဲ့ မိဘနှစ်ပါးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်တာ တွေ့ရပါတယ်။ အံ့သြဖွယ်ရာ ရှင်သန်မှုပါပဲ။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ