Lifestyle: သင့်ကျန်းမာရေးအတွက် သိထားသင့်တဲ့ အိပ်စက်ခြင်းအကြောင်း

အိပ်ရေးပျက်ရင် ဆေးလိပ်ပိုသောက်လာပြီး အိပ်ရေးပျက်တတ်တဲ့လူဟာ ဆေးလိပ်ဖြတ်ဖို့ ပိုခက်ပါတယ်။

play

 

- အိပ်စက်ခြင်းနဲ့ ပက်သက်တဲ့ ပြဿနာဟာ နာကျင်မှုပြီးရင် လူဖြစ်အများဆုံး ကျန်းမာရေး ပြဿနာ ဖြစ်ပါတယ်။

- ကောင်းကောင်းအိပ်မပျော်တာဟာ နှလုံးကျန်းမာရေးကို ထိခိုက်ပါတယ်။ ကောင်းကောင်းအိပ်မပျော်တဲ့အခါ သွေးပေါင်ချိန်မြင့်မားပြီး နှလုံးရောဂါတွေ၊ လေဖြတ်တာတွေနဲ့ဆက်စပ်ပက်သက်နေတယ်လို့ လေ့လာမှုပေါင်းများစွာက တွေ့ရှိထားပါတယ်။

play

 

- ကောင်းကောင်းအိပ်စက်လိုက်တာဟာ လူတွေလုပ်နိုင်တဲ့ ကျန်းမာရေးအလေ့အကျင့်တွေထဲက တစ်ခုဖြစ်ပါတယ်။

- အိပ်စက်ချိန်ပုံမှန်မရှိတာဟာ ကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေပါတယ်။  အချိန်တွေပြောင်းပြီး လုပ်ကိုင်ရတဲ့အလုပ်မျိုးတွေနဲ့ပက်သက်ပြီး အိပ်စက်ချိန်ပုံမှန်မဟုတ်တာကြောင့် ကင်ဆာဖြစ်ပွားနိုင်ခြေရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကင်ဆာဆိုင်ရာနိုင်ငံတကာလေ့လာရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

play

 

- အိပ်ချိန်မလုံလောက်တာကြောင့် ဖြစ်ပေါ်လာတဲ့သက်ရောက်မှုဟာ  အရက်မူးတဲ့လူနဲ့ ညီမျှပါတယ်။၁၇ နာရီမအိပ်တာဟာ လူတစ်ယောက်မှာ အယ်ကိုဟော ရှိနေမှု ၀.၅ ရာခိုင်နှုန်းနဲ့ညီမျှပြီး တစ်ရက်မအိပ်ရင်တော့ ၀.၁ နဲ့ညီမျှပါတယ်။

- အိပ်ရေးပျက်ရင် ဆေးလိပ်ပိုသောက်လာပြီး အိပ်ရေးပျက်တတ်တဲ့လူဟာ ဆေးလိပ်ဖြတ်ဖို့ ပိုခက်ပါတယ်။

play

 

- အိပ်ချိန်မလုံလောက်ခြင်းဟာ အလုပ်ခွင်နဲ့အများဆုံးသက်ဆိုင်နေပါတယ်။ အလုပ်ရှင်တွေဟာ သူတို့ရဲ့အလုပ်ခွင်ကို ပြန်လည်သုံးသပ်သင့်တယ်လို့ သုတေသနအချို့က အကြံပေးထားပါတယ်။ တကယ်လို့ အလုပ်သမားဝန်ထမ်းတွေ အိပ်ရေးမဝရင် အလုပ်ခွင်ကိုပါ သက်ရောက်လာနိုင်တာ ဖြစ်ပါတယ်။

play

 

- အိပ်ချိန်အလေ့ထကောင်းကောင်း ရဖို့ဟာ စာဖတ်ကျင့်လိုမျိုး ကလေးတွေကို ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ပေးသင့်တာ ဖြစ်ပါတယ်။

Photos & Source: Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ