Lifestyle: နှာခေါင်းနဲ့နားရွက်တွေသာမက လိင်အင်္ဂါပါဖြတ်ပြီး တစ္ဆေရုပ်ပေါက်နေသူ

မျက်ခုံးတွေနေရာမှာ အဖုအထစ်တွေဖြစ်အောင် ခွဲစိတ်ခဲ့ပြီး နဖူးတစ်ဖက်တစ်ချက်မှာလည်း ဂျိုနှစ်ခုကို တွေ့ရပါသေးတယ်။

play

 

အရီဇိုးနားမှာနေထိုင်တဲ့ ရစ်ချတ် ဟာနန်ဒက်ဇ်ကို မွေးဖွားလာစဉ်ကတော့ ယောက်ျားတစ်ဦးအနေနဲ့ပါ။ အသက် ၅၅ နှစ် ရောက်ချိန်မှာတော့ အမျိုးသမီးတစ်ဦးဖြစ်သွားပါပြီ။

play

 

သူမကတော့ ကိုယ့်ကိုယ်ကိုယ် နဂါးတစ်ကောင်ဘဝ ပြောင်းလဲလိုက်တယ်လို့ ဆိုပါတယ်။ နားရွက်နှစ်ဖက်၊ နှာခေါင်းတွေကို ဖြတ်ပစ်ရုံသာမကဘဲ အမျိုးသမီးဘဝရောက်အောင် လိင်ပါပြောင်းလဲလိုက်ပါသေးတယ်။

play

 

လွန်ခဲ့တဲ့ နှစ်အငယ်အတွင်းမှာ ခန္ဓာကိုယ်ကိုလည်း တစ်ခုပြီးတစ်ခု အသွင်ပြောင်းလဲခဲ့သူပါ။ မျက်လုံးကိုလည်း အရောင်တွေဖြည့်သွင်းလိုက်ပြီး လျှာကိုလည်း နှစ်ခွဖြစ်အောင် ပြုပြင်လိုက်ပြန်ပါတယ်။ မျက်ခုံးတွေနေရာမှာ အဖုအထစ်တွေဖြစ်အောင် ခွဲစိတ်ခဲ့ပြီး နဖူးတစ်ဖက်တစ်ချက်မှာလည်း ဂျိုနှစ်ခုကို တွေ့ရပါသေးတယ်။

play

 

ခန္ဓာကိုယ်တစ်ခုလုံးကို တက်တူးတွေအပြည့် ထိုးထားပြီး လက်သည်းရှည်ရှည်ကြီးတွေက ကြောက်စရာပါ။ နဂါးဘဝရောက်အောင် လက်မောင်းမှာလည်း ကြေးခွံပုံစံ တက်တူးအပြည့်ထိုးထားပါသေးတယ်။

play

 

သူမရဲ့အသွင်ဟာ လူနဲ့ တစ်စက်မှ မတူတော့ပါဘူး။ သူမ တွေးထားသလို နဂါးပုံစံလည်း မပေါ်တဲ့အပြင် တစ္ဆေအသွင်အပြင် ပေါက်နေတာက ဆိုးရွားလွန်းပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ