Lifestyle: ဘာသာစကား နှစ်မျိုးနဲ့ ကြီးရတဲ့ ကလေးတွေက ပိုညဏ်ကောင်း

လေ့လာချက်ကို Developmental Science ဂျာနယ်မှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

play

 

ဘာသာစကားနှစ်မျိုးထိတွေ့ပြီး ကြီးပြင်းရတဲ့ကလေးတွေဟာ ပိုမိုထက်မြက်စွာ ကြီးပြင်းကြတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ ဘာသာစကားနှစ်မျိုးကို ထိတွေ့ပြောဆိုရတဲ့ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့အခါ ကလေးတွေဟာ ပြဿနာဖြေရှင်းနိုင်စွမ်း ပိုမိုကောင်းမွန်ပြီး မှတ်ညဏ်လည်း တိုးတက်တယ်လို့ အဆိုပါသုတေသနကဆိုပါတယ်။

play

 

သုတေသနကို အမေရိကန်နိုင်ငံ Washington တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမဆုံးစကားလုံး စပြောနိုင်ခြေရှိတဲ့ ၁၁ လသား အရွယ်ကနေ စတင်လေ့လာထားတာ ဖြစ်ပါတယ်။ သုတေသနရဲ့တွေ့ရှိချက်အရ ဦးနှောက်တွင်းက မှတ်ညဏ်ဖွံ့ဖြိုးမှုနဲ့ သက်ဆိုင်တဲ့နေရာဟာ ဘာသာစကားနှစ်မျိုးပြောတဲ့ ကလေးတွေမှာ ပိုမိုဖွံ့ဖြိုးပါတယ်။

လေ့လာချက်ကို Developmental Science ဂျာနယ်မှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ