Lifestyle: ပိုင်ရှင်တွေ ပြန်လာခေါ်မယ့်ရက်ကို နေ့စဉ် လာစောင့်နေတဲ့ ကြောင်ကလေး

ပိုင်ရှင်တွေ အိမ်ပြောင်းသွားတဲ့အချိန်မှာ ကြောင်ကလေးက ကျန်ရစ်ခဲ့တာပါ။

play

 

ပိုင်ရှင်တွေရဲ့ စွန့်ပစ်မှုကို ခံလိုက်ရတဲ့ ကြောင်ကလေးတစ်ကောင်ဟာ နေ့စဉ် ပိုင်ရှင်တွေ နေခဲ့တဲ့ အနားကို လာပြီး သူ့ရဲ့ပိုင်ရှင်ဟောင်းတွေကို စောင့်မျှော်လျှက်ရှိပါတယ်။ နေ့စဉ် တစ်နေရာတည်းမှာပဲ ပိုင်ရှင်တွေ လာခေါ်မယ့်ရက်ကို လာစောင့်မျှော်နေခဲ့တာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။

play

 

အခုပုံမှာ တွေ့ရတဲ့ ကြောင်ကလေးဟာ ရုရှားနိုင်ငံ အနောက်တောင်ပိုင်း ဘယ်လ်ဂိုရော့ဒ် အရပ်မှာ နေထိုင်နေဆဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် နွေရာသီကစလို့ ဒီနေရာက မြောင်းဖုံးပေါ်ကို ကြောင်ကလေး နေ့စဉ် လာရောက်လေ့ရှိပါတယ်။ ဒီကြောင်ကလေးရဲ့ ဓာတ်ပုံနဲ့ သူ့အကြောင်းကို ရုရှားအမျိုးသား တစ်ဦးဖြစ်သူ ကွန်တက်တေး က ဖေ့စ်ဘွတ်မှာ ဝေမျှခဲ့ပြီးတဲ့နောက် လူသိများလာခဲ့တာပါ။

play

 

ကြောင်ကလေးရဲ့ ပိုင်ရှင်တွေဟာ ယခင်နေထိုင်ခဲ့တဲ့ တိုက်ခန်းကို ရောင်းချပြီး နောက်တစ်နေရာကို ပြောင်းရွှေ့သွားခဲ့တာပါ။ ပိုင်ရှင်ဟောင်းတွေ ကားမောင်းထွက်ခွာသွားခဲ့တုန်းက ကြောင်ကလေးဟာ ပြေးလိုက်သွားခဲ့တာ တွေ့ရတယ်လို့ အနီးနားမှာ နေထိုင်သူတွေက ပြောပါတယ်။

အနီးနားမှာ နေထိုင်သူတစ်ချို့က ကြောင်ကလေးကို တစ်ခါတစ်ရံမှာ အစာကျွေးမွေးလေ့ရှိပါတယ်။

Source : Mirror

Photos : CEN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ