Lifestyle: နှစ်နှစ်အောက် ကလေးအများစု ပရိုတိန်း လွန်ကဲစွာ စားသုံးနေ

နေ့စဉ်ရှိသင့်တာထက် ကယ်လိုရီတွေ ပိုမိုစားသုံးလာပါတယ်။

play

 

နှစ်နှစ်အောက်ကလေး ၉၉ ရာခိုင်နှုန်းကျော်ဟာ နေ့စဉ်နေ့တိုင်း ပရိုတိန်းလွန်ကဲစွာ စားသုံးနေရတယ်လို့ သိရပါတယ်။

ဒီလိုဖြစ်ရတာဟာ မိဘတွေက ကလေးတွေကို  နို့နဲ့ အခြားနို့ထွက်ပစ္စည်းတွေ လိုအပ်တာထက်ပိုကျွေးနေလို့ဖြစ်တယ်လို့ Oxford နဲ့ Bristol တက္ကသိုလ်က သုတေသနသမားတွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ကလေးတွေဟာ ၂၁ လသားအရွယ်မှာ နေ့စဉ်ရှိသင့်တာထက် ကယ်လိုရီတွေ ပိုမိုစားသုံးလာပြီး နှလုံးရောဂါနဲ့  Type 2 သွေးချိုဆီးချိုရောဂါတွေ ဘဝနှောင်းပိုင်းမှာ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

play

 

ကလေးတွေငယ်ရွယ်စဉ်မှာ ပြုလုပ်ခဲ့တဲ့ စားသောက်မှုပုံစံဟာ သူတို့ကြီးလာတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့လည်း သတိပေးထားပါတယ်။ လေ့လာချက်ဟာ ကလေးပေါင်း ၂၃၃၆ ယောက်ကို အခြေခံပြုလုပ်ထားတာဖြစ်ပြီး  British Journal of Nutrition ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ