Lifestyle: လာသမျှလူ မလွှတ်တမ်းဖက်နေတဲ့ ဆင်ပေါက်လေး

ကလေးဆိုတော့ ကစားဖော် ကစားဖက်တွေကို တွယ်တာနေတာပေါ့။

play

 

ထိုင်းက ဆင်ပေါက်လေးတစ်ကောင်ထံ လူတွေ မကြာခဏ သွားရောက်နေကြပါတယ်။ သူကလည်း လာသမျှလူကို ဖက်ထားတော့တာပါပဲ။

play

 

သူ့နာမည်က နမ်ပူးလို့ ခေါ်ပါတယ်။ နမ်ပူးဆိုတာ ထိုင်းလို ရေပန်းလို့ အဓိပ္ပာယ်ရပါတယ်။ ချင်းမိုင်မြောက်ပိုင်းက ပတ္တရားဆင်စခန်းမှာ မွေးထားတဲ့ ဆင်ပေါက်လေးပါ။

play

 

ကလေးအရွယ်ဆိုတော့ ဆော့ကစားချင်စိတ် များနေတဲ့ နမ်ပူးလေးက ဆင်စခန်းကို လာသမျှလူတွေနဲ့လည်း ဆော့ကစားပါတယ်။ နှာမောင်းတွေ၊ ခြေတွေလက်တွေကို အသုံးပြုရုံသာမကဘဲ သူ့ကိုယ်လုံးလေးနဲ့ပါ တိုးဝှေ့ဆော့ကစားလေ့ ရှိပါတယ်။ သူနဲ့ဆော့ကစားသူတွေ အနားက ထွက်မသွားအောင်လည်း လက်ကလေးနှစ်ဖက်နဲ့ ဖက်ထားတတ်ပါသေးတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ