Lifestyle: ဒဏ္ဍာရီထဲက စုန်းကဝေများအကြောင်း

တတ်မြောက်တဲ့ အတတ်ပညာပေါ်မှာမူတည်ပြီး စုန်းအမျိုးအစားတွေ အမြောက်အများရှိပေမယ့် အခုဖော်ပြမယ့် စုန်းကဝေတွေကတော့ ဒဏ္ဍာရီတွေအရ ကြောက်စရာအကောင်းဆုံးနဲ့ တန်ခိုးအကြီးဆုံး၊ လူသိအများဆုံး စုန်းကဝေတွေဖြစ်ပါတယ်။

play


ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ စုန်းတွေ၊ ကဝေတွေအကြောင်း ကြောက်စရာကောင်းတဲ့ ပုံစံတွေရော၊ တန်ခိုးကြီးတဲ့ ခပ်မိုက်မိုက်ပုံစံမျိုးတွေနဲ့ပါ တွေ့ရတတ်ပါတယ်။ သူတို့တွေ တကယ်ရှိတယ် မရှိဘူးကို ဘယ်သူမှ အတပ်မပြောနိုင်ပေမယ့် တော်တော်များများကတော့ အောက်လမ်းအတတ်ပညာ၊ အစီအရင်တွေနဲ့ အမှောင်လောကပိုင်းဆိုင်ရာတွေနဲ့ပတ်သက်ပြီး စုန်းတွေကဝေတွေဟာ အခုထက်ထိရှိနေဆဲပဲလို့ ယုံကြည်နေကြဆဲပါ။

တတ်မြောက်တဲ့ အတတ်ပညာပေါ်မှာမူတည်ပြီး စုန်းအမျိုးအစားတွေ အမြောက်အများရှိပေမယ့် အခုဖော်ပြမယ့် စုန်းကဝေတွေကတော့ ဒဏ္ဍာရီတွေအရ ကြောက်စရာအကောင်းဆုံးနဲ့ တန်ခိုးအကြီးဆုံး၊ လူသိအများဆုံး စုန်းကဝေတွေဖြစ်ပါတယ်။

၁၀။ ကီကီမိုရာ (Kikimora)

အိမ်စောင့်စုန်းအဖြစ်လူတွေသိကြပြီး ရိုရိုသေသေအသိအမှတ်ပြုရတယ်လို့ ယုံကြည်သူတွေက ဆိုပါတယ်။

play


အိမ်တွေမှာ ရေစိုနေတဲ့ခြေရာအကွက်တွေပေါ်နေရင် ကီကီမိုရာရှိနေတယ်လို့ ယူဆကြပြီး လူတွေကို ဒုက္ခပြုတတ်သူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူမကို မလေးမစားပြောတာ၊ ပြုမူတာတွေလုပ်ခဲ့ရင် စကားတိုးတိုးလေး လာပြောတာ၊ ပန်းကန်တွေ ခွက်တွေကို ခွဲပစ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။

၉။ ဆာစီ (Circe)

play


ဒဏ္ဍာရီသမိုင်းတော်တော်များများမှာ ပါဝင်လေ့ရှိတဲ့ နာမည်ကြီးစုန်းမပါ။ Aeaea ဆိုတဲ့ကျွန်းမှာ နေထိုင်သူဖြစ်ပြီး သူမကျွန်း အနီးတစ်ဝိုက်ကိုလာတဲ့ သင်္ဘောသားတွေ၊ တံငါသည်တွေကို ခြင်္သေ့၊ ဝံပုလွေနဲ့ အခြား သားရဲတိရစ္ဆာန်တွေအဖြစ် ပြောင်းလဲပစ်လေ့ရှိပါတယ်။

၈။ မော်ဂန် လီ ဖေး (Morgan Le Fay)

play


အာသာဘုရင်နဲ့ မာလင်မှော်ဆရာကြီးအကြောင်းတော့ လူတော်တော်များများ သိပြီးသားဖြစ်မယ် ထင်ပါတယ်။ မော်ဂန် လီ ဖေးဟာလည်း အာသာဘုရင်ရဲ့ သမိုင်းကြောင်းမှာ ပါဝင်ခဲ့တဲ့ စုန်းမတစ်ယောက်ပါပဲ။ သူမဟာ အာသာဘုရင်ရဲ့စစ်သူကြီး လန်းစီလော့နဲ့ ပတ်သက်ခဲ့သူပါ။ လန်းစီလော့ရဲ့ချစ်သူ ဂီနီဗီးယားဘုရင်မကို အနိုင်ရဖို့အတွက် စုန်းအတတ် မှော်အတတ်တွေနဲ့ ကြိုးစားစီရင်ခဲ့သူလည်း ဖြစ်ပါတယ်။

၇။ အန်ဒေါစုန်း (The Witch of Endor)

ဒဏ္ဍာရီအရ စောဘုရင်ဟာ ရန်သူကိုသတ်နိုင်ဖို့နည်းလမ်းကို အန်ဒေါစုန်းမကို သွားရောက်မေးမြန်းခဲ့ရာမှာ စုန်းမကြီးက နည်းလမ်းကိုမပြောပြခဲ့ဘဲ တစ္ဆေတွေကိုခေါ်ယူကာ စောဘုရင်ကိုပြခဲ့ပါတယ်။

play


တစ္ဆေတွေဟာ စောဘုရင်ကသာ သေဆုံးမှာဖြစ်ပြီး သေပြီးတဲ့နောက်မှာ သူတို့နဲ့အတူပေါင်းစည်းကြရမယ်လို့ဆိုခဲ့ပါတယ်။ နောက်နေ့စစ်သွားတိုက်တဲ့အခါမှာ စောဘုရင်ဟာ ဒဏ်ရာရခဲ့ပြီး ကိုယ့်ကိုယ်ကိုသတ်သေခဲ့ပါတယ်။ အန်ဒေါစုန်းမက ဒီလိုဖြစ်အောင် လှည့်စားခဲ့တာလို့လည်း ဒဏ္ဍာရီတွေကဆိုပါတယ်။

၆။ ဂျန်နီ ဂရင်းတိ (Jenny Greenteeth)

play


လူကြီးတွေရော ကလေးငယ်တွေကိုပါ ပျော်ရွှင်ဖို့အတွက် သတ်ဖြတ်တတ်တဲ့ အင်္ဂလန်ဒဏ္ဍာရီ စုန်းမပါ။ သူမမှာ အစိမ်းရောင် အသားအရေနဲ့အတူ ချွန်မြတဲ့သွားတွေ ရှိပါတယ်။ ရေနဲ့ပတ်သက်တဲ့ နေရာတွေမှာ ကလေးငယ်တွေကို ခြောက်လှန့်လေ့ရှိတဲ့ စုန်းမဖြစ်ပြီး ကြောက်စရာကောင်းလှတဲ့သူလို့လည်း ဆိုကြပါတယ်။

၅။ ချီဒီပီ (Chedipe)

သူမဟာ လူသားဘဝတုန်းက ကလေးမွေးဖွားရင်း မီးတွင်းထဲမှာ သေဆုံးသွားခဲ့သူပါ။

play


သူမဟာ လရောင်အောက်မှာ ကျားကိုစီးလျက် လူသားတွေရှိရာကိုလာတတ်ပါတယ်။ လူသားတွေရဲ့ အိမ်ထဲဝင်ပြီး ယောက်ျားသားတွေရဲ့ ဝိဥာဉ်ကို စုပ်ယူစားသုံးပြီးမှ အိမ်ကနေ ထွက်သွားတတ်ပါတယ်။

၎။ အထူးအဆန်းညီအစ်မများ (The Weird Sisters)

play


ကံကြမ္မာကိုစီရင်တဲ့ စုန်းညီအစ်မတွေလို့ဆိုပါတယ်။ ဒဏ္ဍာရီတွေထဲမှာ သူတို့(၃)ယောက်နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းတွေ မကြာခဏပါဝင်လေ့ရှိပြီး တစ်ခုနဲ့တစ်ခုတော့ သိပ်မတူပါဘူး။

၃။ The Bell Witch

play


အမေရိကန်မှာ နာမည်ကြီးတဲ့ စုန်းမပါ။ ၁၈၁၇ ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ ပုဏ္ဏကတိုက်တဲ့အဖြစ်အပျက်မှာ ပါဝင်ခဲ့တဲ့စုန်းမပါ။ သူမဟာ ဂျွန်ဘဲလ်ရဲ့အိမ်ကို ပုဏ္ဏကတိုက်အောင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုသလို ကျန်တဲ့အိမ်သူအိမ်သားတွေကိုလည်း တိုက်ခိုက်ခဲ့ပါသေးတယ်။

၂။ ဟကိတ် (Hecate)

play


ဂရိ စုန်းနဲ့မှော်အတတ်တွေရဲ့ နတ်ဘုရားမလို့ သူမကိုတင်စားကြပါတယ်။ စုန်း၊ အဆိပ်ပန်းမာန်နဲ့ အစီအရင်တွေရဲ့နတ်ဘုရားမအဖြစ် ဂရိတွေက ယုံကြည်ကြသလို ဒဏ္ဍာရီအရ မှော်အတတ်နဲ့ မကောင်းဆိုးဝါးတွေရဲ့ရန်ကနေ လွတ်မြောက်အောင် သူမကို အကူအညီတောင်းကြရတယ်လို့ ဆိုပါတယ်။ သူမဟာ စုန်းမအိုတွေကို ချောမောလှပတဲ့ အမျိုးသမီးငယ်လေးများအဖြစ် ပြောင်းလဲပေးလေ့ရှိသလို နာမကျန်းဖြစ်ခြင်းနဲ့ ဒဏ်ရာတွေကို ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။

၁။ The Graeae

သူတို့ညီအစ်မ (၃)ယောက်ကိုလည်း ကံကြမ္မာကိုစီရင်တဲ့ စုန်းမတွေအဖြစ် ဂရိတွေက ယုံကြည်ထားကြပါတယ်။

play


တချို့ကတော့ လူအိုဘဝ၊ သေဆုံးခြင်းနဲ့ သေဆုံးပြီးဘဝကို အစိုးရတဲ့ စုန်းမတွေလို့လည်း ဆိုပါတယ်။ မျက်လုံးတစ်လုံးတည်းရှိတဲ့ ညီအစ်မ(၃)ယောက်ဖြစ်ကာ ဂရိနတ်ဘုရားနဲ့ နတ်ဘုရားမတွေရဲ့ သမိုင်းကြောင်းမှာ ပါဝင်တဲ့ တန်ခိုးရှိတဲ့စုန်းမ (၃)ယောက်ပါ။
Source : LSV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ