Lifestyle: ပရိဘောဂပစ္စည်းအဟောင်းတွေကို ဘယ်လိုပြန်သုံးမလဲ

နှစ်သစ်ကိုရောက်လို့ သင့်ရဲ့ ပရိဘောဂပစ္စည်းအဟောင်းတွေကို လွှင့်မပစ်ဘဲ ပြန်အသုံးပြုလို့ရနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

 

နှစ်သစ်ကိုရောက်လို့ သင့်ရဲ့ ပရိဘောဂပစ္စည်းအဟောင်းတွေကို လွှင့်မပစ်ဘဲ ပြန်အသုံးပြုလို့ရနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

နှစ်သစ်မှာ ကိုယ့်အိမ်ဂေဟာလေးကို ပြန်လည်ဆန်းသစ်ချင်တယ် ဆိုရင်လည်း “Shopee” ကနေရောင်းချပေးနေတဲ့ အိမ်အလှဆင်ပစ္စည်းများကို သွားရောက်ကြည့်ရှုဝယ်ယူရန် နှိပ်ပါ။

၁။ အဝတ်ဗီရိုမှ တီဗွီစင်

play

 

သင့်ရဲ့ အဝတ်ဗီရိုဟောင်းရဲ့ အောက်အံဆွဲတွေကိုဖြုတ်ပြီးတော့ ဆေးပြန်သုတ်လိုက်ရင် တီဗွီစင်အနေနဲ့ ပြန်သုံးလို့ရပါတယ်။

၂။ ဗီရိုမှ စာအုပ်စင်

play

 

အံဆွဲတွေအများကြီးအပြင် နေရာကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ဗီရိုဟောင်းတွေကို မှန်တပ်ဆင်ပြီးတော့ စာအုပ်စင်အဖြစ်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

၃။ တံခါးမှ အုံးတား

play

 

ရှေးဟောင်းပုံစံတံခါးတွေကို ကုတင်အုံးတားအနေနဲ့ ပြောင်းလဲအသုံးပြုလို့ရပါသေးတယ်။ တံခါးလက်ကိုင်ဘုကိုဖယ်ပြီး အနားသပ်လိုက်ရင် ရပါပြီ။ ဆေးသုတ်ဖို့တော့ မတိုက်တွန်းပါဘူး။

၎။ ခေါက်ထိုင်ခုံမှ ဘုတ်ပြား

play

 

သင်အသုံးမပြုတော့တဲ့ ခေါက်ထိုင်ခုံတွေကို ပွဲတွေမှာ ကြိုဆိုရေး ဘုတ်ပြားအဖြစ် သုံးလို့ရပါတယ်။

၅။ စားပွဲမှ နံရံကပ်စားပွဲ

play

 

စားပွဲခြေတိုင်တစ်ဖက်ကြိုးနေတဲ့ စားပွဲများ၊ အနာအဆာရှိတဲ့ စားပွဲတစ်ခြမ်းကို အလည်ကနေဖြတ်ပြီးတော့ နံရံကပ်စားပွဲအဖြစ် သင့်စိတ်ကြိုက်တဲ့ ဆေးအရောင်သုတ်ပြီး သုံးလို့ရပါတယ်။

၆။ စန္ဒရားမှ စာအုပ်စင်

play

သင့်ရဲ့ အိုဟောင်း ပျက်စီးနေတဲ့ စန္ဒရားတွေကို တစ်မူထူးခြားတဲ့ စာအုပ်စင်အဖြစ်သုံးလို့ရမှာပါ။ အထဲမှာ စင်(သို့)တန်းတွေထပ်ထည့်ပြီးတော့ မိမိစိတ်ကြိုက် စာအုပ်တွေကို စီထားလို့ရပြီပေါ့။

၇။ အချိုရည် ပုလင်းထည့် သေတ္တာများမှ ကော်ဖီစားပွဲ

play

 

တကယ်လိုသင့်ဆီမှာ အချိုရည်ပုလင်းထည့်တဲ့ သေတ္တာ (၄) လုံးကို ပေါင်းပြီးတော့ အောက်ဘက်မှာ ထောက်တိုင်လေးချောင်းတပ်ဆင်ပြီး အပေါ်ကနေမှန်တစ်ချပ်အုပ်လိုက်ရင် ကော်ဖီစားပွဲတစ်လုံးရပြီပေါ့။ အထဲမှာလည်း စိတ်ကြိုက် ပစ္စည်းလေးတွေနဲ့ အလှဆင်လို့ရပါတယ်။

၈။ စာအုပ်စင်မှ ဘား

play

 

စာအုပ်စင်တွေတင်ထားခဲ့တဲ့ စင်တွေကို ဝိုင်ပုလင်းတွေ၊ အရက်ပုလင်းတွေအစရှိတဲ့ ဖျော်ရည်ယမကာမျိုးစုံကို စာအုပ်တွေအစား အစားထိုးတင်ထားလို့ရမှာပါ။

၉။ ထိုင်ခုံမှ ပန်းအိုး

play

 

တကယ်လို့ သင့်ရဲ့ထိုင်ခုံမှာ ထိုင်တဲ့နေရာမပါရင် အပင်စိုက်ဖို့ ပန်းအိုးအနေနဲ့ သုံးလို့ရပါတယ်။

၁၀။ လှေကားမှ ခုတင်ဘေး စားပွဲ

play

 

သင့်ရဲ့ လှေကားအဟောင်းတွေကို ခုတင်ဘေး စားပွဲအဖြစ်သုံးနိုင်ပါတယ်။ ပစ္စည်းတစ်မျိုးစီကို လှေကားထစ်လေးတွေပေါ်မှာ တင်သွားရင် အမြင်တစ်မျိုးလေးနဲ့ ကြည့်ကောင်းနေမှာပါ။

“Shopee” နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက နှိပ်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ