Lifestyle: တစ်နေ့ ငှက်ပျောသီး တစ်လုံးစားပေးရင် ရမယ့် ကျန်းမာရေး အကျိုးကျေးဇူး

တစ်နေ့ကို ငှက်ပျောသီးတစ်လုံးစားရင် ကျန်းမာရေး အကျိုးကျေးဇူး ကောင်းကောင်းရမှာပါ။

play

 

တစ်နေ့ကို ငှက်ပျောသီးသို့မဟုတ် ပန်းသီးတစ်လုံးခန့် စားပေးခြင်းဖြင့် အနာဂတ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ ရောဂါတွေကိုတားဆီးနိုင်စွမ်းရှိကြောင်း သုတေသန တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ လေ့လာချက် အသစ်အရ ငှက်ပျောသီးနဲ့ ပန်းသီးဟာ နောင်အခါမှာ ဖြစ်လာနိုင်ချေရှိတဲ့ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

play

 

တစ်နေ့ကို ပန်းသီး သို့မဟုတ် ငှက်ပျောသီး ၁၀၀ ဂရမ်လောက်စားခြင်းအားဖြင့် အသက်ရှည်ကျန်းမာမှုကို သာမန်ထက် သုံးပုံတစ်ပုံလောက် ပိုတိုးသွားစေကြောင်း လေ့လာချက်က ညွှန်ပြပါတယ်။ တရုတ်နိုင်ငံမှာ နေထိုင်သူ လူပေါင်း ငါးသိန်းကို ၇ နှစ်ကြာ လေ့လာပြီးနောက် ဒီအဖြေ ထွက်လာတာပါ။

play

 

ဆေးပညာဂျာနယ်ဖြစ်တဲ့ New England မှာလည်း သစ်သီးပုံမှန်စားခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ကောင်းကောင်း ကာကွယ်ပေးနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ အဓိက အကြောင်းပြချက်ကတော့ ပန်းသီးနဲ့ ငှက်ပျောသီးတို့လို အသီးတွေမှာ ပိုတက်ဆီယမ်ဓာတ်၊ ဖိုင်ဘာမျှင်တွေနဲ့ ဓာတ်တိုးပစ္စည်းတွေ ပါဝင်တာကြောင့် လို့ ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ