AD
AD
AD
play


ကင်ဆာရောဂါဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရောဂါဖြစ်ကြောင်း လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ တစ်ခါတရံ ကင်ဆာရောဂါတွေရဲ့ လက္ခဏတွေ ခံစားရသည့်တိုင် သတိမထားဘဲ လျစ်လျူရှုထားတတ်ကြပါတယ်။ ကင်ဆာရောဂါ လက္ခဏာတွေ ဖြစ်ပေမဲ့ လစ်လျူရှုထားတတ်ကြတဲ့ လက္ခဏ (၈) ချက်ကို ဖော်ပြထားပါတယ်။

ပင်ပန်းနွယ်နယ်ခြင်း

play


အိပ်ရေးဝဝ အိပ်သည့်တိုင် လန်းဆန်းတက်ကြွမှု မရှိဘဲ အမြဲလို ပင်ပန်းနွယ်နယ်နေရင် သတိပြုသင့်ပါတယ်။ အမြဲလို ပင်ပန်းနွမ်းနယ်နေခြင်းက သွေးကင်ဆာ၊ အူမကြီး သို့မဟုတ် အစာအိမ်ကင်ဆာ လက္ခဏာဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန် လျော့ကျခြင်း

play


အကြောင်းရင်း မရှိဘဲ ကိုယ်အလေးချိန် လျော့ကျမှုဟာ ကင်ဆာရဲ့ လက္ခဏတစ်ခု ဖြစ်ပါတယ်။ စားသောက်နေထိုင်မှု ပုံစံမှန်နေပေမဲ့ ဘာကြောင့်မှန်းမသိ ကိုယ်အလေးချိန် လျော့ကျနေရင် သတိထားသင့်ပါတယ်။

နာကျင်မှု

play


နာကျင်မှု ခံစားရတဲ့ အကြောင်းရင်း အမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ နာကျင်မှုကို ရေရှည်ခံစားနေရခြင်း သို့မဟုတ် နာကျင်မှုသက်သာစေတဲ့ ဆေးများ သောက်ပေမဲ့ နာကျင်မှု ပျောက်မသွားဘူးဆိုရင် ကင်ဆာရောဂါ လက္ခဏာ ဖြစ်နိုင်တာကြောင့် သတိထားရမှာပါ။

အရေပြားအောက်မှာ အဖုအလုံးတွေ့ခြင်း

play


အရေပြားအောက်မှာ အဖုအလုံး တွေ့ရှိရခြင်းဟာ ရင်သား သို့မဟုတ် အဖိုမျိုးပွားအင်္ဂါ ကင်ဆာရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

ခြေထောက်ရောင်ရမ်းခြင်း

play


အမျိုးသမီးတွေ လစ်လျူရှုထားမိတတ်ကြတဲ့ ကင်ဆာရောဂါ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ခြေထောက်ရောင်ရမ်းမှုဟာ သားအိမ်ခေါင်းကင်ဆာနဲ့ ဆက်နွယ်နိုင်ပါတယ်။

အရေပြား အပြောင်းအလဲ

play


အရေပြားမှာ တင်းတပ်လို အကွက်တွေ၊ မှဲ့တွေ ပေါ်လာတာနဲ့ အရေပြားအရောင် ပြောင်းလဲလာတာက အရေပြားကင်ဆာရဲ့ လက္ခဏတွေ ဖြစ်တာကြောင့် သတိထားသင့်ပါတယ်။

ဆီးနဲ့ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလာခြင်း

play


ဆီး သို့မဟုတ် ဝမ်းသွားတဲ့ အခြေအနေ ပြောင်းလဲလာခြင်းက ဂရိုစိုက်သင့်တဲ့ ကင်ဆာလက္ခဏာပါ။ ဆီး မကြာခဏ သွားရတာ သို့မဟုတ် ဆီးသွားနည်းနေတာက ဆီးအိမ်ကင်ဆာ သို့မဟုတ် ဆီးကြိတ်ကင်ဆာ လက္ခဏဖြစ်ပြီး သတိထားသင့်ပါတယ်။ အမျိုးသားများမှာ တွေ့ကြုံရမှု ပိုများတဲ့ ကင်ဆာလက္ခဏ ဖြစ်ပါတယ်။

ကြာရှည် ဖျားနာခြင်း

play


အအေးမိ တုပ်ကွေးဖြစ်ပြီး ကိုယ်ပူချိန်တက်က ဖျားနာခြင်းမျိုး မဟုတ်ဘဲ ကြာရှည်စွာ ကိုယ်ပူနေတာ ဖျားနာနေရင် သတိထားသင့်ပါတယ်။ ကိုယ်ပူမကျဘဲ ဖျားနာမှု ကြာရှည်နေခြင်းက သွေးကင်ဆာ လက္ခဏတစ်ခု ဖြစ်ပါတယ်။
Source & Photo: REME

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD