Lifestyle: သင်္ကြန်မှာ ဒါတွေရှောင်ပြီး ဒါတွေဆောင်ကြစို့

သင်္ကြန်ပွဲတော်ကို ဖြတ်သန်းရမယ့်သူတွေအတွက် ကျန်းမာရေးသတိရှိဖို့လည်း လိုအပ်ပါတယ်။

play

 

မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အရမ်းတန်ဖိုးထား ပျော်ရွင်ကြတဲ့ သင်္ကြန်ရက်တွေ ရောက်မယ့်အချိန်ကလည်း တဖြည်းဖြည်းနီးကပ်လာပါပြီ။

တစ်နှစ်လုံး စိတ်မွန်းကြပ်ခဲ့တာတွေကို သင်္ကြန်ရေနဲ့ ဆေးကြောကြတာ မြန်မာ့ထုံးစံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်သင်္ကြန်ကာလက အယ်လ်နီညိုရာသီဥတုကြောင့် အရင်သင်္ကြန်ကာလတွေထက် ပိုမိုပူပြင်းမှာပါ။ ဒါ့ကြောင့် သင်္ကြန်ပွဲတော်ကို ဖြတ်သန်းရမယ့်သူတွေအတွက် ကျန်းမာရေးသတိရှိဖို့လည်း လိုအပ်ပါတယ်။

ဘာတွေရှောင်သင့်လဲ

*************

(၁) ဘယ်အချိန်တွေမှာ ရေကစား၊ရေပက်ခံထွက်မလဲ

ရေကစားဖို့ အကောင်းဆုံးအချိန်ကတော့ မနက် ၇ နာရီလောက်ကနေ ၁၁ နာရီအထိက အကောင်းဆုံးအချိန်ဖြစ်ပြီး ညနေ ၃နာရီလောက်မှ ပြန်ပြီး ရေကစားသင့်ပါတယ်။

(၂) အရက်၊ ဘီယာ၊ သောက်သုံးမှု

ဒါကလည်း ရှောင်သင့်တဲ့ အချက်တစ်ချက်ပါ။ အပူချိန်မြင့်မား နေတဲ့ ဒီလိုအချိန်မှာ အရက်၊ ဘီယာတွေကို အလွန်အကျွံ သောက်သုံးမယ်ဆိုရင် မလိုအပ်တဲ့ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

(၃) အပူမရှပ်အောင် ဘယ်လိုလုပ်မလဲ

မနက် ၁၁နာရီကနေ ညနေ ၃ နာရီလို အချိန်မျိုးမှာ ရေကစားတာ ရေပက်ခံတာတွေ ရှောင်သင့်ပါတယ်။ အပူရှိန်အမြင့်ဆုံး ရောက်ရှိနေတဲ့ အချိန်မျိုးမှာ ရေမစိုထား သူတစ်ယောက်က ရေပက်ခံမိမယ်ဆိုရင် အပူရှပ်တာကိုခံရဖို့ ရာခိုင်နှုန်း များပါတယ်။

play

 

ဘာတွေဆောင်သင့်လဲ

**************

(၄) နေပူဒဏ်ကာကွယ်ရမယ်

ရေပက်ခံထွက်သူများအနေနဲ့ မျက်နှာနဲ့အသားအရေတွေကို နေလောင် ဒဏ်ခံနိုင်တဲ့ခရင်မ်မျိုး အကာအကွယ်မျိုးကို အသုံးပြုသင့်ပါတယ်။ ရေကစားထွက်တဲ့အချိန်မျိုးမှာ အင်္ကျီလက်ရှည် ဘောင်းဘီအရှည် စတာတွေကို ဝတ်ဆင်သင့်ပါတယ်။ အပူချိန်မြင့်မားတာကို ကာကွယ်ဖို့အတွက် မျက်မှန်တစ်လက် လိုအပ်ပါသေးတယ်။

(၅) အစားအသောက်

တွေ့ကရာ လျှောက်မစားပါနဲ့ အရေးကြီးပါတယ်။ ကိုယ်စားမိတဲ့ အစားအစာက ယင်နားစာ၊ ဝမ်းနူးစာတွေဖြစ်နေရင် ပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်ရက်တွေမှာ အိမ်ထဲ တစ်ယောက်တည်း နေနေရပါလိမ့်မယ်။ အစားမှားခဲ့ရင် အန်တာ၊ ပျို့တာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာတို့အပြင် ဖျားနာတာတို့ ဖြစ်တတ်ပါတယ်။

(၆) ရေပက်ခံကားမောင်းတဲ့လူကို အရက်သေစာမသောက်စားဖို့ သတိပေးပါ

ရေပက်ခံကားမောင်းမယ့်လူကို အရက်သေစာသောက်စားပြီး ကားမမောင်းဖို့ အမြဲသတိပေးရပါမယ်။ ဒါကလည်း အရေးကြီးတဲ့အချက် တစ်ချက်ပါ။ မူးယစ်သောက်စားပြီး စည်းကမ်းမဲ့ မောင်းနှင်မယ်ဆိုရင် မလိုလားအပ်တဲ့ ယာဉ်စည်းကမ်းချိုးဖောက်မှုကနေ ယာဉ်အန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ပါ။

(၇) အမျိုးသမီးတွေ မိမိဘဝတန်ဖိုးထားပါ

ဒါကတော့ ပျော်ရွှင်စရာကောင်းမွန်လှတဲ့ ဒီလိုနှစ်ကူးအချိန်ကာလကို အခွင့်ကောင်းယူတတ်တဲ့ မသမာတဲ့လူတချို့ရဲ့ လုပ်ရပ်တွေကြောင့် ဘဝပျက်စီးခဲ့ရတဲ့ အမျိုးသမီးတွေအများကြီးပါ။ မိမိနဲ့မသိတဲ့ သူစိမ်းယောက်ျားလေးတွေတိုက်တဲ့ အရက်ဘီယာကအစ အချိုရည်အဆုံး သောက်သုံးတာကို အထူးရှောင်ကြဉ်ရမှာပါ။

Photo : Xinhua,GNLM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ