Lifestyle: ဦးနှောက်ပျက်စီးသွားစေတဲ့ အကျင့်ဆိုး (၇) ခု

ဦးနှောက်ကျန်းမာရေးဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးလှပါတယ်။

play

 

လူသားတွေရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ အရေးအကြီးဆုံး အရာက မှတ်ဉာဏ်ဦးနှောက်ဖြစ်ပါတယ်။ နေ့စဉ် လူ့ခန္ဓာကိုယ်က ပြုမူဆောင်ရွက်နေတဲ့ အရာတွေအားလုံးကို ဦးနှောက် ထိန်းချုပ်ပါတယ်။

ဒီတော့ ဦးနှောက်ကျန်းမာနေဖို့ အရေးကြီးပါတယ်။ ဦးနှောက်မှတ်ဉာဏ်ကို ပျက်စီးစေတဲ့ အကြောင်းအရင်း (၇) ခုရှိပါတယ်။

၁။ မနက်စာ မစားခြင်း

play

 

မနက်စာမစားတဲ့အခါ လိုအပ်တဲ့ သကြားဓာတ်ကို ခန္ဓာကိုယ်က မရတော့တဲ့အတွက် ဦးနှောက်အလုပ်လုပ်ဖို့ နှေးကွေးစေပါတယ်။

၂။ အစားလွန်ခြင်း

အစားလွန်တဲ့အခါ ခန္ဓာကိုယ်ရဲ့ လည်ပတ်မှု ပုံမှမဟုတ်တော့ပဲ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း

play

 

ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကို ပျက်စီစေရုံသာမက ဦးနှောက်ကိုလည်း ကျုံ့ပြီး အလုပ်လုပ်နိုင်စွမ်း လျော့ကျစေပါတယ်။

၎။ သကြားဓာတ်များခြင်း

သကြားဓာတ်များတဲ့ အစားအစာတွေ၊ အထူးသဖြင့်  အချိုရည်တွေဟာ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။

၅။ လေမသန့်ခြင်း

ကိုယ်ရှုရှိုက်နေတဲ့ လေထုဟာ မသန့်ရှင်းရင် မကောင်းပါဘူး။ လုံလောက်တဲ့ အောက်ဆီဂျင်မရတဲ့အခါ ဦးနှောက်က အလုပ်လုပ်နိုင်စွမ်း နှေးကွေးပါတယ်။

၆။ အိပ်ရေးခဏခဏ ပျက်ခြင်း

play

 

အိပ်စက်ခြင်းဟာ ဦးနှောက်မှာရှိတဲ့ ဆဲလ်တွကို ဖွံ့ဖြိုးစေပါတယ်။ အိပ်ရေးခဏခဏ ပျက်ရင် ဆဲလ်တွေ သေဆုံးမှု များလာတက်ပါတယ်။

၇။ နေမကောင်းသည့် အနားမယူခြင်း

နေမကောင်းဖြစ်တဲ့ အချိန်မှာ အနားမယူပဲ အလုပ်လုပ်တာဟာ ဦးနှောက်ရဲ့ ပုံမှန် အလုပ်လုပ်မှုကို အလွန်အဟန့်အတားဖြစ်ပြီး ပျက်စီးစေပါတယ်။

၈။ စကားမပြောခြင်း

play

 

စကားများများပြောခြင်းဟာ ဦးနှောက်အလုပ်လုပ်ဖို့အတွက် အကူအညီပေးပါတယ်။ ပိုပြီးတော့လည်း ဦးနှောက်ကို အသိပညာတွေ ပေးပါတယ်။ စကားသိပ်မပြောရင်တော့ ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဆိုးကျိုးတွေကို ဦးနှောက်က ရပါလိမ့်မယ်။

Source : Fitlife

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ