Lifestyle: မိန်းမတွေပဲ ဈေးရောင်းတဲ့ အိန္ဒိယက မိန်းမဈေး

ရှေးယခင်က ဘုရင်တွေက ဆင့်ခေါ်တဲ့အခါ ယောကျာ်းတွေဟာ တိုင်းပြည်တာဝန်ထမ်းဖို့ သွားရောက်ကြပါတယ်။

play

 

Ima Keithel ဆိုတာ မိန်းမတွေပဲ ဈေးရောင်းတဲ့ အာရှရဲ့ အကြီးဆုံးဈေးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ရှိတာဖြစ်ပြီး အဓိပ္ပါယ်ကို မြန်မာလိုပြန်မယ်ဆိုရင်တော့ အမေဈေးလို့ ခေါ်ပါတယ်။

play

 

ဈေးရဲ့သက်တမ်းဟာ နှစ်ပေါင်း ငါးရာခန့်ရှိနေပြီး ဒီဈေးမှာ နေ့စဉ်အမျိုးသမီးပေါင်း လေးထောင်ဟာ ဈေးရောင်းချနေတယ်ပါတယ်။ ဈေးဟာ ပြည်နယ်ရဲ့နိုင်ငံရေး၊လူမှုရေးတွေအတွက် လူအများစုရုံးဆွေးနွေးတဲ့နေရာလည်း ဖြစ်ပါတယ်။

play

 

ရှေးယခင်က ဘုရင်တွေက ဆင့်ခေါ်တဲ့အခါ ယောကျာ်းတွေဟာ တိုင်းပြည်တာဝန်ထမ်းဖို့ သွားရောက်ကြပါတယ်။ ကျန်ခဲ့တဲ့ မိန်းမတွေဟာ အိမ်ထောင့်တာဝန်ကိုယူရာကနေ အခုလို မိန်းမတွေပဲရောင်းတဲ့ဈေး စတင်ဖြစ်ပေါ်လာတာလို့ သိရပါတယ်။ ယခုချိန်ထိ ဒီဓလေ့ကို ဆက်လက်ထိန်းသိမ်းထားလာကြတာလည်း ဖြစ်ပါတယ်။

play

 

Photos & Source: India Times

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ