Lifestyle: နှလုံးရောဂါ ကင်းဝေးစေမယ့် ရိုးရှင်းတဲ့ အချက် (၈) ချက်

နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ် လျှော့ချနိုင်ဖို့အတွက် ဒီ (၈) ချက်ကို လိုက်နာသင့်ပါတယ်။

  play

၁။ ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေထက် ပျမ်းမျှအားဖြင့် ၁၀ နှစ်ပိုစောပြီး သေဆုံးလေ့ရှိကြောင်း ယမန်နှစ်က ဗြိတိန်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနက ဖော်ပြပါတယ်။

play


အသက် ၄၀ မတိုင်မီ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် ဆေးလိပ်ဆက်သောက်နေတာထက် ကျန်းမာရေးပြဿနာ ရှိလာနိုင်မှု ၁၀ ဆလျော့နည်းနိုင်ပါတယ်။ ဆေးလိပ်မသောက်ခြင်းက အသက်ရှူလမ်းကြောင်း ကောင်းမွန်စေပြီး လေဖြတ်ခြင်း၊ ဆီးချို၊ ကင်ဆာနဲ့ အခြား ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ လျော့နည်းနိုင်ပါတယ်။

၂။ ကိုယ်အလေးချိန် ဂရုစိုက်ပါ

play


နှလုံးရောဂါ ဖြစ်ပွားမှုနဲ့ ခန္ဓာကိုယ် အဝလွန်မှုက ထင်ရှားစွာ ဆက်စပ်မှုရှိပါတယ်။ ဒါ့ပြင် အဝလွန်မှုက ဆီးချိုရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် အလွန်တိုးလာတာမျိုး မဖြစ်အောင် ဂရုစိုက်နေထိုင်သင့်ပါတယ်။

၃။ အဆီတွေ ရှောင်ပါ

အဆီဓာတ်များတဲ့ အစားအစာတွေကြောင့် သွေးအတွင်း ကိုလက်စထရော မြင့်တက်ပြီး သွေးကြောကျဉ်းမှုနဲ့အတူ နှလုံးရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ထောပတ်၊ ဒိန်ခဲနဲ့ မလိုင်တို့ကို သင့်တင့်တဲ့ ပမာဏစားသုံးခြင်းကတော့ နှလုံးအတွက် ပြဿနာမရှိနိုင်ပါဘူး။

၎။ အနီရောင် အသားတွေ ရှောင်ပါ

play

 

အနီရောင် အသားစားခြင်းကို လျှော့ချပါ။ လေ့လာမှုတွေအရ အနီရောင် အသား အများအပြား စားခြင်းက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ပါတယ်။

၅။ ဆားလျှော့စားပါ

British Heart Foundation ရဲ့ သုတေသနအရ ဆားပမာဏ အစားများခြင်းက သွေးတိုးဖြစ်စေပြီး နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်တက်စေပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ဦးအနေနဲ့ တစ်နေ့လျှင် လက်ဖက်ရည်ဇွန်းတစ်ဇွန်း (၆ ဂရမ်) မပြည့်တဲ့ ဆားပမာဏကိုသာ စားသင့်ပါတယ်။

၆။ အချို မစားပါနဲ့

play


အချိုစားသုံးမှု များပြားခြင်းက အဝလွန်မှုနဲ့ ဆီးချိုရောဂါ ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲအဖြစ် နှလုံးရောဂါ ဖြစ်ပွားနိုင်ပါတယ်။

၇။ လှုပ်ရှားမှု ရှိနေပါစေ

play


လှုပ်ရှားမှုနည်းပြီး အထိုင်များခြင်းက နှလုံးအတွက် မကောင်းပါဘူး။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ပြေးခြင်းနဲ့ စက်ဘီးစီးနင်းခြင်းတို့လို လှုပ်ရှားမှုတွေက နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။

၈။ စိတ်ဖိစီးမှုတွေ လျှော့ချပါ

play
 

စိတ်ဖိစီးမှုက နှလုံးရောဂါ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ