Lifestyle: သင်္ကြန်မှာ ကျန်းမာရေးနဲ့အညီ ဝတ်မယ်ဆိုရင်

ဦးထုပ်တို့၊ မျက်မှန်တို့ကတော့ မဆောင်မဖြစ်ပါ။

play

 

သင်္ကြန်မှာ ဖက်ရှင်လည်းကျပြီး ကျန်းမာရေးနဲ့ညီတဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ သင်္ကြန်လည်တဲ့အခါ အင်္ကျီအထူကြီးတွေဝတ်မယ့်အစား အင်္ကျီပါးပါးတွေကို ထပ်ဝတ်သင့်ပါတယ်။ အရေပြားတွေလှောင်မနေဘဲ ရာသီဥတုနဲ့သင့်လျော်လိုက်ဖက်ဖို့ဖြစ်ပါတယ်။ အရောင်ကတော့ အဖြူနဲ့အနက်ကို ရှောင်သင့်ပါတယ်။ဒီအရောင်တွေက အပူစုပ်ပါတယ်။ ရေထဲမှာ ပေါ်လွင်နေမယ့် မိုးပြာတို့၊ အဝါတို့ကို စဉ်းစားသင့်ပါတယ်။

play

 

နေရောင်ထိမှာ ဖြစ်တာကြောင့် အရမ်းတိုတာတွေကို မရွေးချယ်သင့်ပါဘူး။ ဘောင်းဘီကိုတော့ အစဉ်အလာမပျက် ဂျင်းကိုပဲ စဉ်းစားသင့်ပြီး အဆင်ပြရင် ဂျင်းသားပြော့ကို ရှာဝတ်သင့်ပါတယ်။ ဘောင်းဘီကို တောင့်တင်းတဲ့ အသားမျိုးမရွေးသင့်ဘဲ ပေါ့ပါးပြီး အခြောက်မြန်တဲ့ အသားမျိုးဆို အဆင်ပြေပါမယ်။  ဦးထုပ်တို့၊ မျက်မှန်တို့ကတော့ မဆောင်မဖြစ်ပါ။ ကားနဲ့လည်မယ့် မိန်းကလေးတွေကတော့ တဘက်ယူသွားဖို့ မမေ့ပါနဲ့။

Photos & Source: 7Day Daily, Yangon Life, Mekong Voyage

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ